Latest News

Friday, January 13, 2017

ကျောင်းသားများအား အခွင့်အရေး နှင့်အတွေး ပညာပေးဟောပြော

ကျောင်းသားများအား အခွင့်အရေး နှင့်အတွေး ပညာပေးဟောပြော

ကျောင်းကုန်၊ ဇန်နဝါရီ ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်ခရိုင်၊ကျောင်းကုန်းမြို့နယ်၊အ.ထ.က(ခွဲ)ချောင်ကြီးကျောင်းတွင် ဇန်နဝါရီ ၁၂ ရက်နေ့ မွန်းလွဲ ၂း၃၀ နာရီအချိန် စာပေဟောပြောပွဲ ကျင်းပရာ ကျောင်းအုပ်ဆရာကြီး ဦးမြင့်ဌေးမှ အဖွင့်အမှာစကားပြောကြားပြီး၊ကျောင်းသမိုင်းအား ရှင်းလင်းပြောကြားခဲ့သည်။

ရှေးဦးစွာ ၈၈- မျိုးဆက်  ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း မှ ဆရာဦးဂျင်မီ က ကျောင်းသားနှင့်အခွင့်အရေး ခေါင်းစဉ်ဖြင့် ဟောပြောရာ အခွင့်​အ​ရေးနဲ့ပတ်သက်ပြီး အခြေခံပညာကျောင်းသားကျောင်းသူတွေ ကတစ်ဆင့် ပြည်သူတွေကြားမှာ ကျယ်ကျယ်ပြန့်ပြန့် သိရှိဖို့ လိုကြောင်း၊ပြစ်မှုနဲ့ပြစ်ဒဏ် တွေသိနေဖို့လိုကြောင်း၊ဒီနေ့ခေတ်မှာ အခွင့်အရေး ဆိုတာ ရှိနေပြီဖြစ်ကြောင်း၊မေးခွန်းထုတ်ခွင့် အခွင့်အရေး ရှိနေရမယ်၊ဆင့်ကဲဆင့်ကဲ မေးခွန်းထုတ်ခွင့်ရှိနေမှ ဖွံ့ဖြိုးတိုးတက် လာမှာဖြစ်ကြောင်း၊မေးခွန်းထုတ်တဲ့ အခွင့်​အ​ရေး ရှိမှ ကျောင်းသားကျောင်းသူ များ ကိုယ်ကိုယ်တိုင် မေးခွန်းထုတ်တတ်တဲ့ လူ ဖြစ်လာမှာဖြစ်ကြောင်း၊ ဘာမေးရင် ကောင်းမလဲ ဆိုတာ အမြဲတွေးနေရမယ်၊မေးခွန်းထုတ်နိုင်တဲ့လူ ပိုင်ပိုင်နိုင်နိုင် ဖြစ်ကြစေလိုကြောင်း ဟောပြောသွားခဲ့သည်။

ထို့နောက် ဆရာဦးမင်းကိုနိုင် မှ တတိယအတွေး ခေါင်းစဉ်ဖြင့် ဟောပြောရာ ဒီနိုင်ငံမှာ ကလေးတွေကို ဝလုံးကလေး ဝိုင်းအောင်ရေးဆိုပြီး အရေးကို စတင်သင်ကြားနေချိန်မှာ နိုင်ငံခြားမှာ ကလေးတွေကို စိတ်ကိုအရင် သင်ကြားပေးကြောင်း၊မိမိကြယ်သီးကို မိမိတတ်နိုင်တဲ့အချိန်ကြမှ အရေးကို စတင်သင်ကြားပေးကြောင်း၊အင်္ဂလန်နိုင်ငံက ကျောင်းတစ်ကျောင်းရဲ့ကျောင်းအုပ်ဆရာကြီးက Report. Card ပေးလိုက်တယ်  "ကလေးရေ. ဒီတစ်ခေါက် စာမေးပွဲမှာ အမှတ်တွေ မကောင်းလို့ စိတ်ဓာတ်မကျပါနဲ့ကွာ  အခုစစ်ဆေးနိုင် တာက ဂဏန်းတွက်တာရယ်၊စာအလွတ်ကျက်တာရယ်ဘဲ စစ်လိုက်ရ တာပါ၊ပေါင်းသင်းဆက်ဆံရေးတွေ၊သတ္တိရှိမှု၊စည်းကမ်းလိုက်နာမှု၊ညှာတာထောက်ထားမှုတွေကို မစစ်ဖြစ်ဘူး" ဆိုပြီးထည့်ရေးပေးလိုက်ကြောင်း၊ဒါ့ကြောင့် ဆရာဆရာမတွေ သင်ကြားမှုအပေါ် ဖြစ်နိုင်မဖြစ်နိုင်  ဆင်ခြင် သုံးသပ်ပြီး  ပြန်လည်မေးခွန်းထုတ်နိုင်သော အတွေးတွေ ရရှိကြစေလို သည်ဟု ဟောပြောသွားကြောင်း သိရသည်။

အခမ်းအနားသို့ အ.ထ.က(ခွဲ)ချောင်းကြီးကျောင်းမှဆရာ ဆရာမ များ၊ကျောင်းသားကျောင်းသူများ၊စိတ်ဝင်စားသည့် ပြည်သူများ တက်ရောက် ခဲ့ကြကြောင်း သိရသည်။

Sources; ဝင်းကြိုင်(ပြန်/ဆက်)

No comments:

Post a Comment