Latest News

Friday, January 13, 2017

အမေရိကန် ဘန်းမြို့တွင် နှင်းမုန်တိုင်းကြောင့် စာသင်ကျောင်းများ ယာယီပိတ်

အမေရိကန် ဘန်းမြို့တွင် နှင်းမုန်တိုင်းကြောင့် စာသင်ကျောင်းများ ယာယီပိတ်


အမေရိကန်ပြည်ထောင်စု အော်ရီဂွန်ပြည်နယ် ဘန်းမြို့မှာ ဇန်န၀ါရီ ၁၂ ရက်နေ့က နှင်းမုန်တိုင်းတိုက်ပြီး ဆီးနှင်းထူထပ်စွာ ကျဆင်းတာကြောင့် ကန်ဝုဒ် မူလတန်းကျောင်းက အားကစားရုံခေါင်မိုး ရုတ်တရက်ပြိုကျခဲ့တယ်လို့ သိရပါတယ်။

ခေါင်မိုးပြိုကျချိန်မှာ ကျောင်းတက်နေချိန်ဖြစ်ပေမယ့် ကလေးအားလုံး စာသင်ခန်းတွေထဲမှာပဲရှိနေပြီး အားကစားရုံထဲမှာ တဦးတယောက်မှ ရှိမနေခဲ့ဘူးလို့ ကျောင်းအုပ်ချုပ်ရေး တာဝန်ရှိသူတွေက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။

အဲဒီအတွက် ကလေးတယောက်မှ ထိခိုက်ဒဏ်ရာရတာမျိုး မရှိပါဘူး။ ဒါပေမယ့် ဘန်းမြို့ ပညာရေးဆိုင်ရာ တာဝန်ရှိသူတွေဟာ ကလေးအားလုံးရဲ့ လုံခြုံရေးအခြေအနေကို ထိပ်တန်းအဆင့် ဦးစားပေးတဲ့အနေနဲ့ ကျောင်းအတော်များများကို ယာယီပိတ်လိုက်ပါတယ်။

နှင်းမုန်တိုင်းကြောင့် မြို့ပေါ်မှာ လျှပ်စစ်ဓာတ်အားလိုင်းတချို့လည်း ပြတ်တောက်ကုန်တယ်လို့ သိရပါတယ်။

အမေရိကန်အစိုးရ အမျိုးသားမိုးလေဝသဌာနကတော့ ကုန်းမြင့်ဒေသတွေမှာ အေးခဲပြီး အပူချိန် ဆက်ကျနိုင်တာကြောင့် နှင်းတွေ ချက်ချင်း အရည်ပျော် ပျောက်ကွယ်သွားမှာ မဟုတ်ကြောင်း လူထုကို ကြိုတင်သတိပေး နှိုးဆော်ထားပါတယ်။
Sources; DVB TV News

No comments:

Post a Comment