Latest News

Tuesday, January 10, 2017

ရွှေသံလွင် နှင့် ဂျပန်လုပ်ငန်းစု ANA တို့ ဖက်စပ်လုပ်ကိုင်မည့် လေကြောင်းလိုင်းသစ် ၂၀၁၈ ခုနှစ်တွင် နိုင်ငံတကာသို့ စတင်ပျံသန်းမည်

ရွှေသံလွင် နှင့် ဂျပန်လုပ်ငန်းစု ANA တို့ ဖက်စပ်လုပ်ကိုင်မည့် လေကြောင်းလိုင်းသစ် ၂၀၁၈ ခုနှစ်တွင် နိုင်ငံတကာသို့ စတင်ပျံသန်းမည်

ရန်ကုန် ၊ ၉-၁-၂၀၁၇

ရွှေသံလွင်နှင့် ဂျပန်လုပ်ငန်းစု ANA တို့ ဖက်စပ် လုပ်ကိုင်မည့် လေကြောင်းလိုင်း သစ်သည် ၂ဝ၁၈ ခုနှစ်တွင် မြန်မာနိုင်ငံမှ နိုင်ငံတကာသို့ စတင်ပျံသန်းမည် ဖြစ်ကြောင်း ANA လုပ်ငန်းစုမှ တာဝန်ရှိသူ Shinya katanozaka
ထံမှ သိရသည်။

အဆိုပါ လေကြောင်းလိုင်းသစ် စတင် တည်ထောင်ရန် ဂျပန်လုပ်ငန်းစုက ၄၉ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံခွင့် ရရှိထားပြီး ရွှေသံလွင် လုပ်ငန်းစုက ၅၁ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ခွင့် ရရှိမည်ဖြစ်သည်။ ကနဦး ရင်းနှီး မြှုပ်နှံမှု
အနေဖြင့် အမေရိကန် ဒေါ်လာ တစ်သိန်းခွဲကို စတင် ထည့်ဝင်ပြီး ၂ဝ၁၆ ခုနှစ် အစောပိုင်းက လေကြောင်းလိုင်းသစ် အတွက် ရင်းနှီးမြှုပ်နှံခွင့်ကို ခွင့်ပြုမိန့် ရထားပြီးနောက် Asian Blue ဟူသည့် အမည်ဖြင့် အမေရိကန် ဒေါ်လာ
သန်း ၇ဝ ကျော် ရင်းနှီးမြှုပ်နှံ၍ နိုင်ငံတကာ ပျံသန်းမှု စတင်ရန် လိုအပ်သော အခြေခံအုတ်မြစ် ချခြင်းများကို တစ်နှစ်ခွဲကျော် အချိန်ယူ လုပ်ဆောင်ရမည် ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ တစ်နှစ်ခွဲကျော် အချိန်ယူ လုပ်ဆောင်ရခြင်း သည် လေကြောင်းလိုင်း သစ်အတွက် သုံးစွဲမည့် လေယာဉ် အမျိုးအစား မှာယူခြင်း သို့မဟုတ် ငှားရမ်းခြင်း၊ လေကြောင်းလိုင်း ကုမ္ပဏီရုံးချုပ်၏ အုပ်ချုပ်မှု အဖွဲ့အစည်း
များကို တာဝန် ပေးအပ်ခြင်း၊ ပျံသန်းမည့် ဈေးကွက်ကို ဦးတည်ရှာဖွေ ခြင်းနှင့် တခြားသော ပြင်ဆင်သင့်သည်များ ကို ဆောင်ရွက် နေခြင်းကြောင့် ဖြစ်သည်။

ဂျပန်လုပ်ငန်းစု ANA သည် ယခင်က မြန်မာနိုင်ငံဘက်မှ Asian Wings လေကြောင်းလိုင်းနှင့် အကျိုးတူပူးပေါင်း လုပ်ဆောင်ရန် စီစဉ်ထားသော်လည်း အကြောင်း အမျိုးမျိုးကြောင့် လက်မှတ်ရေးထိုး နိုင်ခြင်း မရှိသဖြင့်
ရွှေသံလွင်နှင့် ပူးပေါင်း ဆောင်ရွက်ရန် စီစဉ်ခြင်း ဖြစ်သည်။

၂ဝ၁၈ ခုနှစ်တွင် လေကြောင်းလိုင်းသစ် ပျံသန်းရာ၌ အနည်းဆုံး လေယာဉ်နှစ်စင်း ဖြင့် စတင်နိုင်ရန် ပြင်ဆင်ထားကြောင်း၊ ဂျပန်လုပ်ငန်းစု ANA သည် မြန်မာနိုင်ငံ၏ စီးပွားရေး တိုးတက်နိုင်ခြေ ပိုမိုကောင်းလာ ဖွယ်
ရှိနေသောကြောင့် တိုးတက်မှု ဖြစ်စဉ်များ အတွင်း ပါဝင်ကူညီသည့် အနေဖြင့် အလယ်အလတ် တန်းစား လေကြောင်းလိုင်း တစ်ခုအဖြစ် ပြည်တွင်းက ခရီးသွားများ အတွက် အားလပ်ရက်တွင် ခရီးထွက်နိုင်ရန် စီစဉ်
ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

Sources; မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment