Latest News

Tuesday, January 10, 2017

အနုပညာအလုပ်နဲ့ ပုဂ္ဂိုလ်ရေးဘဝကို ခွဲပြီးမြင်စေချင်တယ်ဆိုတဲ့ အောင်လ

အနုပညာအလုပ်နဲ့ ပုဂ္ဂိုလ်ရေးဘဝကို ခွဲပြီးမြင်စေချင်တယ်ဆိုတဲ့ အောင်လ

ရန်ကုန်၊ ဇန်နဝါရီ ၉

ပရိသတ်တွေအနေနဲ့ အနုပညာရှင် တစ်ယောက်ရဲ့  အနုပညာအလုပ်နဲ့ ပုဂ္ဂိုလ်ရေး ဘဝကို ခွဲပြီး မြင်စေချင်ပါတယ်လို့ လူငယ် ပရိသတ်ကြိုက် တေးသံရှင် တစ်ဦးဖြစ်တဲ့ အောင်လက The Voice ကို ပြောကြားပါတယ်။

“လူတိုင်းမှာတော့ ကိုယ့်ရဲ့ Personal Life ဆိုတာ ရှိတယ်လေ။ အဲ့ဒါကြောင့် အများကြီး ထွေထွေထူးထူးတော့ ရှင်းပြမှာ မဟုတ်ဘူး။ ကျွန်တော့်ရဲ့ အလုပ်နဲ့ ပတ်သက်တဲ့ ကိစ္စကိုတော့ အခုချိန်အထိ လုံးဝ မလျှော့သေးပါဘူး။ အရင်ထက် နှစ်ဆပိုပြီး ကြိုးစားနေပါတယ်”လို့ ၎င်းက ထပ်လောင်း ပြောဆိုပါတယ်။

လတ်တလော ထွက်ပေါ်နေတဲ့ လူမှုရေးသတင်းတွေ နဲ့ ပတ်သက်ပြီး ထူးထူးထွေထွေ ရှင်းပြစရာတော့ မရှိသေး ဘဲ၊ ပရိသတ်တွေကို အသိပေးသင့်တဲ့ အချိန်တစ်ခု ရောက်ရင်တော့ အားလုံးကို အသိပေးပြောပြပေးသွား မှာဖြစ်ကြောင်း တေးသံရှင် အောင်လက ပြောကြား ပါတယ်။

“ပရိသတ်တွေ မသိခင်ကတည်းက ကျွန်တော့်ရဲ့ Personal Life ဆိုတာ ရှိခဲ့တာပဲလေ။ အဲ့ဒီ Personal ကြောင့်ပဲ သီချင်းတွေ ဖြစ်လာတာပေါ့။ သီချင်းတွေနဲ့ ကျွန်တော့်ရဲ့ ပုဂ္ဂိုလ်ရေး ဘဝကိုတော့ နည်းနည်းလေး ကွဲကွဲပြားပြား မြင်စေချင်ပါတယ်။ ကျွန်တော့်ရဲ့ အမာခံ ပရိသတ်တွေကတော့ နားလည်ပါတယ်”လို့ ၎င်းက ဆိုပါတယ်။

လတ်တလော အနုပညာ လှုပ်ရှားမှုအနေနဲ့ကတော့ မကြာမီ ထွက်ရှိမယ့် တစ်ကိုယ်တော် စီးရီးသစ်မှာ ပါဝင်မယ့် The Woman I Love သီချင်းကို ပြည်တွင်း ရုပ်သံလိုင်းတွေကနေတစ်ဆင့် ပရိသတ်တွေကို ပြသပေးသွားဖို့ရှိကြောင်း အောင်လက ပြောကြားပါတယ်။

Sources; The Voice

No comments:

Post a Comment