Latest News

Thursday, December 15, 2016

တပ်မတော်စစ်ကြောင်းများအား KIA / TNLA လက်နက်ကိုင် ပူးပေါင်းအဖွဲ့က လက်နက်ကြီး/ လက်နက်ငယ်များ၊ အဝေးထိန်းစနစ်မိုင်းများဖြင့် ပစ်ခတ်တိုက်ခိုက်

တပ်မတော်စစ်ကြောင်းများအား KIA / TNLA လက်နက်ကိုင် ပူးပေါင်းအဖွဲ့က လက်နက်ကြီး/ လက်နက်ငယ်များ၊ အဝေးထိန်းစနစ်မိုင်းများဖြင့် ပစ်ခတ်တိုက်ခိုက်


နေပြည်တော်၊ ဒီဇင်ဘာ ၁၅

ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ၊ နမ္မတူမြို့၏မြောက်ဘက် ၁၀ မိုင်ခန့်အကွာရှိ ပန်ဝါကျေးရွာအနီး၌ ခေတ္တအခြေပြုနေသည့် တပ်မတော်စစ်ကြောင်းများအား ဒီဇင်ဘာ ၁၄ ရက် နံနက် ၇ နာရီ ၄၅ မိနစ်ခန့်တွင် KIA / TNLA လက်နက်ကိုင်ပူးပေါင်းအဖွဲ့ အင်အား ၈၅ ဦးခန့်က နေရာ ၂ နေရာ ဖြန့်ခွဲ၍ လာရောက်နှောင့်ယှက် ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် တပ်မတော်စစ်ကြောင်းများက ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ လက်နက်ကိုင်အဖွဲ့များသည် အရှေ့ဘက်သို့ ဆုတ်ခွာသွားသည်။

၎င်းတို့ ဆုတ်ခွာရာနောက်သို့ လိုက်လံရှင်းလင်း တိုက်ခိုက်စဉ် မွန်းလွဲ ၁၂ နာရီခွဲ ခန့်တွင် ပန်ဝါကျေးရွာအနီးတစ်ဝိုက်ရှိ တောင်ကုန်းများမှ KIA / TNLA လက်နက်ကိုင် ပူးပေါင်းအဖွဲ့အင်အား ၁၆၀ ခန့်က နေရာ ၃ နေရာဖြန့်ခွဲ၍ လက်နက်ကြီး/ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်သဖြင့် တပ်မတော်က လေကြောင်းပစ်ကူ ရယူ၍ ပြန်လည်တိုက်ခိုက်ခဲ့ရာ လက်နက်ကိုင်အဖွဲ့များသည် အနောက်ဘက်နှင့် အရှေ့ဘက်သို့  ဖြန့်ခွဲဆုတ်ခွာသွားခဲ့သည်။

အလားတူ သိန်းနီမှ လားရှိုးသို့ ပုံမှန်အုပ်ချုပ်မှုကိစ္စများဆောင်ရွက်ရန် ထွက်ခွာ လာသည့် တပ်မတော် ယာဉ်တန်းသည် ဒီဇင်ဘာ ၁၄ ရက် ညနေ ၆ နာရီ မိနစ်၂၀ ခန့် တွင် စံလောင်းရွာ၏တောင်ဘက် မီတာ ၁၀၀၀ ခန့်အကွာသို့ရောက်ရှိစဉ် KIA / TNLA လက်နက်ကိုင်အဖွဲ့များက အဝေးထိန်းစနစ်မိုင်း ၂ လုံး ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ဖြစ်စဉ် နေရာ အနီးတွင်ရှိသော ၁၂ ဘီးယာဉ်တစ်စီးအား မိုင်းစများထိမှန်ခဲ့ပြီး ယာဉ်မောင်း ဖြစ်သူ မောင်နိုင်ထွန်းမှာ မိုင်းစထိမှန်ဒဏ်ရာများဖြင့် သေဆုံးခဲ့သည်။

ဖြစ်စဉ်များအတွင်း အရာရှိ၊ စစ်သည်တစ်ချို့ နိုင်ငံတော်အတွက် အသက်ပေး လှူခဲ့ရပြီး တချို့ထိခိုက်ဒဏ်ရာများရရှိခဲ့ကာ အဆိုပါနေရာတစ်ဝိုက်သို့ တပ်မတော် စစ်ကြောင်းများက နယ်မြေရှင်းလင်းခြင်းများ ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။
MOI

No comments:

Post a Comment