Latest News

Thursday, December 15, 2016

အလုပ်ရှုပ်သက်သာစေမယ့် နည်းလမ်း (၆)ခု


အလုပ်ရှုပ်သက်သာစေမယ့် နည်းလမ်း (၆)ခု

တချို့လူတွေက ကိုယ့်ကိုယ်ကိုယ် အလုပ်ရှုပ်အောင် လုပ်ထားကြတာပါ။
 
၁ - ကိုယ့်အပြစ်နဲ့ကိုယ်

တချို့လူတွေက ကိုယ့်ကိုယ်ကိုယ် အလုပ်ရှုပ်အောင် လုပ်ထားကြတာပါ။ ဥပမာ- ကိုယ့်အလုပ်အတွက် လုပ်ရမှာတွေရှိတယ်၊ မတက်မဖြစ်တက်နေရတဲ့ သင်တန်းရှိတယ်၊ ဒါပေမဲ့လည်း ဝါသနာအရဆိုပြီး သင်တန်းတစ်ခုထပ်တက်တာမျိုး၊ နောက်မှလုပ်ရမယ့်အရာကို ခုထဲကလုပ်လိုက်တာမျိုးတွေရှိပါတယ်။ အကျိုးဆက်ကတော့ လူကသာ အလုပ်တွေရှုပ်ပင်ပန်းပြီး မထိရောက်တော့ပါဘူး။

၂ - အစီအစဉ်

အစီစဉ်ချပြီး နေ့စဉ်ဘဝကို ဖြတ်သန်းသင့်ပါတယ်။ ဒီတစ်နှစ်တွင်း လုပ်ရမယ့်အရာ၊ ဒီတစ်လအတွင်း လုပ်ရမယ့်အရာ၊ ဒီနေ့အတွက် လုပ်ရမယ့်အရာဆိုပြီး အစီအစဉ်တွေချပြီးတော့ကို လုပ်သင့်ပါတယ်။ တကူးတကမလုပ်ချင်ဘူးဆိုရင် အပ်ပလီကေးရှင်းတွေရှိပါတယ်။ Any.Do နဲ့ Wunderlist လို အပ်ပလီကေးရှင်းတွေက နာမည်ကြီးပါတယ်။


၃ - မဖြစ်နိုင်တာ

ပြောရတာထက် လုပ်ရတာကလွယ်ပါတယ်။ ကိုယ်တကယ်မလုပ်နိုင်တဲ့အရာကို ခေါင်းထဲထည့်မထားပါနဲ့ဦး။ တကယ်မလုပ်နိုင်တာကို ရည်ရွယ်မိတဲ့အတွက် အမြဲတမ်းပြာယာခတ်နေရတတ်ပါတယ်။

၎ - ငြင်းပါ

တစ်ချို့ကိစ္စတွေကို ငြင်းပါ။ မလုပ်နိုင်ဘူး၊မသွားနိုင်ဘူး၊မစားနိုင်ဘူး စသဖြင့် ငြင်းပါ။ အားနာပြီလိုက်လျောမိရင် ကိုယ်ပဲအလုပ်ရှုပ်ရပါတယ်။


၅ - ရိုးရှင်းပါ

တကယ်ကတော့ အသုံးစရိတ်လျော့ချခိုင်းတာပါ။ ဘဝကို ပေါပေါများများနဲ့ဖြတ်သန်းမယ့်အစား ရိုးရိုးရှင်းရှင်းနဲ့ဖြတ်သန်းတာကလည်း သင့်ကို အလုပ်ရှုပ်သက်သာစေပါတယ်။

၆ - အကူအညီတောင်း

အလုပ်တွေရှုပ်နေရင် အကူအညီတောင်းပါ။ သင်မနိုင်တော့ဘူးဆို အထက်လူကြီးကို ပွင့်ပွင့်လင်းလင်းပြောပါ။ လွှဲစရာရှိတာကို လက်အောက်ငယ်သားတွေကို လွှဲလုပ်ခိုင်းပါ။ ငါပဲလုပ်ရမှာ၊ ငါလုပ်မှဖြစ်မယ်ဆိုတာ မဟုတ်ပါဘူး။

Photos & Source: allwomenstalk
 

No comments:

Post a Comment