Latest News

Friday, December 9, 2016

ရန်ကုန်မြစ်ကမ်း တလျှောက်ကို အပန်းဖြေနေရာ အဖြစ် ဖန်တီးမည်

ရန်ကုန်မြစ်ကမ်းတစ်လျှောက်ကို အပန်းဖြေနေရာအဖြစ် ဖန်တီးမည်

ရန်ကုန်မြို့၏မီတာ၁၄၀၀ ကျော်ရှည်သည့်  မြစ်ကမ်းတစ်လျှောက်အား
နောက်ပိုင်းတွင် အများပြည်သူသုံး အပန်းဖြေနေရာအဖြစ် သွားရောက်နိုင်ရန် စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက  ဒီဇင်ဘာလ ၈ ရက်နေ့က ပြုလုပ်သည့် သက်ဝင်လှုပ်ရှားရန်ကုန်မြို့ လမ်းမများပွဲတော် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါသည်။

"ရန်ကုန်မြို့ကမ်းနားလမ်းမှာ ဖွင့်ထားတဲ့ ညဈေးတန်းရဲ့ ကွန်ကရစ်လမ်းမကြီးရဲ့  ဟိုဘက်မှာ ရှိတဲ့ ဆိပ်ကမ်းအုတ်တံတိုင်းကို မကြာခင်မှာ ဖွင့်လိုက်တော့မှာဖြစ်ပါတယ်။ အဲ့ဒီ နေရာမှာ အုတ်တံတိုင်းမထားတော့ပေမဲ့ အကာအရံခြံစည်းရိုးတွေတော့
ထားပါမယ်။ ဒါပေမဲ့ လူတွေအားလုံးဟာ မြစ်ကို လှမ်းမြင်ပြီး အများပြည်သူအပန်းဖြေနိုင်တဲ့နေရာဖြစ်အောင် ဆောင်ရွက်သွားမှာပါ" ဟု ၄င်းက ပြောသည်။

ထို့ပြင် မြစ်ကမ်းဘေးတစ်လျှောက်တွင်ရှိသည့် ယခင်ဆိပ်ကမ်းသုံး
ရှေးဟောင်းအဆောက်အအုံ ဂိုဒေါင်ကြီးများအား အမွေအနှစ်ထိန်းသိမ်းမှု ပုံစံဖြင့် ပြန်လည်ပြင်ဆင်မွမ်းမံကာ ဈေးဝယ်စင်တာများ၊ လမ်းဘေးဈေးသည်များစုဝေးရောင်းချနိုင်မည့် ဟော်ကာစင်တာများနှင့် ရုံးခန်းများ ကို ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောသည်။

"ဒီလိုပုံစံနဲ့ မြစ်ကမ်းဘေးကို ပြည်သူတွေ သွားရောက် အနားယူ အပန်းဖြေနိုင်မယ့် အဆင့်တစ်ဆင့်ကို တက်ဖို့ ပြင်ဆင်နေပြီဖြစ်ပါတယ်။ တချိန်တုန်းက ဒီနေရာတွေကို ပုဂ္ဂလိက လုပ်ငန်းရှင်တွေကို လုပ်ငန်းလုပ်ဖို့ ပေးထားတာတွေရှိပါတယ် အခု လုပ်ငန်းရှင်တွေနဲ့လဲ ခေါ်ယူဆွေးနွေးနေပါတယ်" ဟု ၄င်းက ပြောသည်။

Sources ; The Myanmar Times

No comments:

Post a Comment