Latest News

Friday, December 9, 2016

ရန်ကုန်ကို သတိရနေတဲ့ ဆောင်းဦးလှိုင်ရဲ့ သီချင်းအသစ်

ရန်ကုန်ကို သတိရနေတဲ့ ဆောင်းဦးလှိုင်ရဲ့ သီချင်းအသစ်

"ဆရာကား" လို့ နာမည်ပေးထားပါတယ်။

ဆောင်းဦးလှိုင်ကတော့ ရန်ကုန်မြို့ကို သတိရနေတယ်လို့ သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ရေးသားထားပါတယ်။ ရန်ကုန်နဲ့ မန္တလေးမြို့မှာ သူ့အတွက် မြန်မာပြည်ရဲ့ ထာဝရမြို့တော်တွေကြီးပါလို့လည်း ဆိုပါတယ်။ ရန်ကုန်ကို သတိရနေတဲ့ ဆောင်ဦးလှိုင်က ရန်ကုန်မြို့နဲ့ ပတ်သက်ပြီး ရေးစပ်ထားတဲ့ သီချင်းတစ်ပုဒ်ကို Youtube မှာ ဒီနေ့ (ဒီဇင်ဘာ ၉)ရက်နေ့က တင်လိုက်ပါတယ်။

"ဆရာကား" ဆိုရဲ့ ဆောင်းဦးလှိုင်ရဲ့ သီချင်းသစ်

အဲဒီသီချင်းနာမည်ကတော့"ဆရာကား" ဖြစ်ပါတယ်။ ရန်ကုန်မှာ ကားတွေကြပ်လွန်းတာကြောင့် စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ အများကြီးရှိသလို နာရီပေါင်းများစွာ ကားပေါ်မှာ ကြာနေရတာတွေကို ရေးစပ်ထားတဲ့ သီချင်းလေး တစ်ပုဒ်လည်း ဖြစ်ပါတယ်။ သီချင်းအကြောင်းအရာပုံစံလေးကိုတော့ သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ယခုလို ရေးသားထားပါတယ်။

"ရန်ကုန်မှာကားတွေ ကြပ်လွန်းတာကြာင့် စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာတွေ ထိခိုက်မှုအများကြီးဗျ။ နာရီပေါင်းများစွာ ကားပေါ်မှာ ကြာနေရတာ အလုပ်ပျက်တော့ စီးပွားကျ၊ လူတွေစိတ်တိုရန်လို၊ ကိုယ်ချင်းစာတရား ပျောက်ဆုံး စသဖြင့် ပြောမဆုံးပဲ။ ဒါ့ကြောင့် "ဆရာကား" ဆိုတဲ့သီချင်းတင်ပေးလိုက်ပါတယ်။ Fancy သီချင်းလေးပါ။ ခေါင်းစဉ်က " ကားဆရာ" ဖြစ်ရမှာ " ဆရာကား "ဖြစ်သွားတယ်။ တိုင်းရင်းသားတွေရဲ့အသုံးအနှုန်း။ တိုင်းရင်းသားတွေကို ချစ်ခင်လေးစားတဲ့အတွက်ပါ" လို့ ရေးသားထားပါတယ်။

ဒီသီချင်းလေးကို နားဆင်ရင်း ပြုံးနိုင်ကြပါစေလို့ ဆောင်းဦးလှိုင်က ဆိုပါတယ်။

Sources & Photo : ဆောင်းဦးလှိုင် ဖေ့စ်ဘွတ် & Duwun

No comments:

Post a Comment