Latest News

Sunday, December 25, 2016

မောင်တောတွင် နှစ်လအတွင်း လူဦးရေဆိုင်ရာ စိစစ်စစ်ဆေးမှုများ လူလေးသိန်းခွဲကျော် ပြီးစီး

မောင်တောတွင် နှစ်လအတွင်း လူဦးရေဆိုင်ရာ စိစစ်စစ်ဆေးမှုများ လူလေးသိန်းခွဲကျော် ပြီးစီး


မောင်တောတွင် အကြမ်းဖက်မှုများဖြစ်ပွားပြီး နှစ် လအတွင်း လူဦးရေစာရင်းနှင့် လူ  နေထိုင်မှုဆိုင်ရာ စစ်ဆေးခြင်းများကို လူလေးသိန်းခွဲကျော်အထိ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိ သည်။

ယင်းကဲ့သို့ စိစစ်ခြင်းကို ဆွဲ တင်စစ်လုပ်ငန်းဟု သုံးနှုန်းပြီး ရပ်ကွက်ကျေးရွာများတွင် မြေပုံရေး ဆွဲခြင်း၊ လူဦးရေစာရင်းတင်ခြင်း၊ လူနေအိမ်များ၌ရှိသည့် အိမ် ထောင်စုစာရင်းနှင့် လက်ရှိနေ ထိုင်သူကို တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းဖြစ်သည်။

ယင်းလုပ်ငန်းသည် မောင်တောနယ်စပ် လုံခြုံရေးအတွက် အရေးပါပြီး ခေတ်အဆက်ဆက်ဆောင်ရွက်ခဲ့သည့် လုပ်ငန်းဖြစ်သည်။


လက်ရှိဆွဲတင်စစ်လုပ်ငန်း ဆောင်ရွက်ထားသည့် လူဦးရေ လေးသိန်းငါးသောင်းကျော်သည် မောင်တောနယ်စပ်ဒေသရှိ ရပ် ကွက် ၁၄ ခုနှင့် ကျေးရွာ ၃၁၉ ရွာ ကို အောက်တိုဘာ ၉ ရက်မှ ဒီဇင်ဘာ ၁၁ ရက်အထိ ဆောင်ရွက် ထားခြင်းဖြစ်ကြောင်း အမှတ် (၁)နယ်ခြားစောင့်ရဲကွပ်ကဲ မှုအဖွဲ့မှူးရုံး(ဌာနချုပ်)စာရင်းများအရ သိရ သည်။

ဆွဲတင်စစ်လုပ်ငန်းကို နိုင်ငံ ခြားသားများ မတရားဝင်ရောက် နေထိုင်မှု ကာကွယ်တားဆီးရေး အဖွဲ့(မကဖ)က အဓိကဆောင် ရွက်ပြီး နယ်ခြားစောင့်ရဲတပ်ဖွဲ့ ၀င်များက လုံခြုံရေးရယူပေးရ ကြောင်း နယ်ခြားစောင့်ရဲအရာရှိ တစ်ဦးက ပြောသည်။

 မောင်တောနယ်စပ်ဒေသ တွင် ဆွဲတင်စစ်လုပ်ငန်းများကို ရပ်ကွက် ၁၈ ခုနှင့် ကျေးရွာပေါင်း ၉၀၅ ရွာ ဆောင်ရွက်ရမည်ဖြစ် ပြီး စစ်ဆေးဆဲရပ်ကွက် လေးခု နှင့် ကျေးရွာ ၅၈၆ ရွာရှိကြောင်း အမှတ် (၁) နယ်ခြားစောင့်ရဲကွပ် ကဲမှုအဖွဲ့မှူးရုံး (ဌာနချုပ်)စာ ရင်းများအရ သိရသည်။ အောက် တိုဘာ ၉ ရက်က နယ်ခြားစောင့် ရဲဌာနချုပ်နှင့် ရဲစခန်းနှစ်ခု အကြမ်းဖက်တိုက်ခိုက်ခံရခြင်းမှာ ဆွဲတင်စစ်လုပ်ငန်းများကို ဆောင်ရွက်မှုအားနည်းခဲ့၍ ဖြစ်ကြောင်း နယ်ခြားစောင့်ရဲ အရာရှိတစ်ဦးက ပြောသည်။

‘‘အစိုးရအပြောင်းအလဲကာ လမှာ ဆွဲတင်စစ်လုပ်ငန်း ဆောင် ရွက်မှုအားနည်းခဲ့ပါတယ်။ ဘယ် ရွာမှာ ဘယ်သူတွေဝင်နေတယ် ဆိုတာကို မသိလိုက်ဘူး။ ဒါ လည်း ရဲစခန်းတွေ အကြမ်းဖက် တိုက်ခိုက်ခံရတဲ့ အဓိကအချက် တစ်ခုဖြစ်ပါတယ်’’ဟု နယ်ခြား စောင့်ရဲအရာရှိတစ်ဦးက သုံးသပ် သည်။


Sources; 7 Day

Photo; MOI

No comments:

Post a Comment