Latest News

Sunday, December 25, 2016

အကအဖွဲ့တွေ စုပေါင်းထားတဲ့ "Heroic Dance Performance Show"

အကအဖွဲ့တွေ စုပေါင်းထားတဲ့ "Heroic Dance Performance Show"

အမျိုးသားကဇာတ်ရုံတွင် ကျင်းပမှာ ဖြစ်ပါတယ်။

အဆိုတော် ခေမီကို ဦးဆောင်ပြီး မြန်မာအကအဖွဲ့များ စုပေါင်းကာ ကျင်းပမယ့် "Heroic Dance Performance Show"ကို အမျိုးသားကဇာတ်ရုံတွင် ကျင်းပသွားမှာ ဖြစ်ပါတယ်။ "Heroic Dance Performance Show"ကို ဇန်နဝါရီ (၇)ရက်နေ့ ညနေ(၇)နာရီတွင် ပြုလုပ်သွားမှာဖြစ်ပါတယ်။

"ခေမီတို့ မြန်မာနိုင်ငံ  Dancer အဖွဲ့တွေစုပြီး အခုလို"Heroic Dance  Group"ဖွဲ့လိုက် တယ်။ ခေမီတို့ အားလုံး performance ပြသ မဲ့ပွဲလည်း ဖြစ်တယ်။အက လိုင်းပေါင်းစုံကို ပြသ မယ်ပေါ့။အပိုင်း ၃ပိုင်းခွဲပြီး အကမျိုးစုံ ပြသ မယ်။ပရိသတ် တွေ ကြည့်ချိန်မှာ အမှတ်တ ရတွေ ဖြစ်မဲ့ မြန်မာ Dancerတွေကို ဒီထက်မ က ပိုပြီးအားပေးလာ မယ်လို့ ရည်ရွယ်ချက်နဲ့ ပြသမှာဖြစ်ပါတယ်။အကလောက က တဖြေးဖြေးလည်း ဆုပ်ယုတ် လာပါတယ်။ဒါကြောင့် စုစည်းဖော်ထုတ်ပြမဲ့ ပွဲလည်းဖြစ်ပါတယ်"လို့ အဆိုတော် ခေမီကိုက ဆိုပါတယ်။

အဲ့ဒီဖျော်ဖြေပွဲမှာ Music band နဲ့ အတူ​ တေးသံရှင်​ သရုပ်ဆောင် အကယ်ဒမီ ထွန်းအိန္ဒြာဗို ၊ဆုန်​သင်းပါရ်​၊ ဖြိုးပြည့်​စုံ၊ Co Coe တို့က သီဆိုဖျော်ဖြေသွားမှာလည်း ဖြစ်ပါတယ်။  "Heroic Dance Performance Show"အတွက်  လက်မှတ် ဈေးနှုန်းတွေမှာ ကျပ်သုံးသောင်း၊ကျပ်နှစ်သောင်း နှင့် ကျပ်တစ်သောင်းတို့ ရရှိနိုင်ပြီိး မန်းသီရိ​တေးသံသွင်း၊Nobody ဒဂုံစင်​တာ၊City mart ​မြေနီကုန်းတို့တွင်​ ဝယ်ယူရရှိနိုင်ပါတယ်။

Sources; Duwun

Photo : ခေမီကို ဖေ့စ်ဘွတ်
 

No comments:

Post a Comment