ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ခရစ်တော် မွေးနေ့ အကြိုဝတ်ပြု ဆုတောင်းခြင်းနှင့် မိတ်သဟာယ ညစာစားပွဲ အခမ်းအနားသို့ တက်ရောက်
နေပြည်တော် ဒီဇင်ဘာ ၁၆
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ယနေ့ ညနေ ၆ နာရီတွင် နေပြည်တော် ခရစ်ယာန် အသင်းတော်များ ကောင်စီက ကြီးမှူး ကျင်းပသည့် ခရစ်တော် မွေးနေ့ အကြိုဝတ်ပြု ဆုတောင်းခြင်းနှင့် မိတ်သဟာယ ညစာစားပွဲ အခမ်းအနားသို့ တက်ရောက်သည်။
အဆိုပါ ခရစ်တော် မွေးနေ့အကြို ၀တ်ပြု ဆုတောင်းခြင်းနှင့် မိတ်သဟာယ ညစာစားပွဲ အခမ်းအနားကို ပျဉ်းမနားမြို့ ရွှေချီရပ်ရှိ မြန်မာနှစ်ခြင်း ခရစ်ယာန် အသင်းတော်၌ ကျင်းပရာ ပြည်ထောင်စု လွှတ်တော် နာယက ၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ပြည်သူ့ လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ အမျိုးသား လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ သာသနာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ နေပြည်တော် ခရစ်ယာန် အသင်းတော်များမှ သင်းအုပ် ဆရာတော်များနှင့် အသင်းသူ အသင်းသားများ၊ ဖိတ်ကြား ထားသည့် ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစီအစဉ်အရ နေပြည်တော် ခရစ်ယာန် အသင်းတော်များ ကောင်စီဥက္ကဋ္ဌ သိက္ခာတော်ရ ဆရာတော် ဒေါက်တာ တင်မောင်အေး က မွေးနေ့တော် ကြိုဆို နှုတ်ခွန်းဆက် စကား ပြောကြားပြီး သာသနာရေးနှင့် ယဉ်ကျေးမှု ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို က မွေးနေ့တော် အကြို နှုတ်ခွန်းဆက် မေတ္တာစကား ပြောကြားသည်။
ထို့နောက် သိက္ခာတော်ရ ဆရာတော် ဦးထွန်းလှ က ဓမ္မဂုဏ်တော် ချီးမွန်းပြီး သိက္ခာတော်ရ ဆရာတော် ဦးစောရွှေလင်း က မွေးနေ့တော် အထူးဆုတောင်း မေတ္တာ ပို့သသည်။
ယင်းနောက် ဒုတိယသမ္မတသည် အခမ်အနားသို့ တက်ရောက် လာကြသူများနှင့် မှတ်တမ်းတင် ဓါတ်ပုံရိုက်သည်။
ဆက်လက်၍ ဒုတိယ သမ္မတသည် နေပြည်တော် ခရစ်ယာန် အသင်းတော်များ ကောင်စီက တည်ခင်း ဧည့်ခံသည့် ခရစ်တော်မွေးနေ့ မိတ်သဟာယ ညစာစားပွဲသို့ တက်ရောက်သည်။
(သတင်းစဉ်)
Friday, December 16, 2016
ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ခရစ်တော် မွေးနေ့ အကြိုဝတ်ပြု ဆုတောင်းခြင်းနှင့် မိတ်သဟာယ ညစာစားပွဲ အခမ်းအနားသို့ တက်ရောက်
ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ခရစ်တော် မွေးနေ့ အကြိုဝတ်ပြု ဆုတောင်းခြင်းနှင့် မိတ်သဟာယ ညစာစားပွဲ အခမ်းအနားသို့ တက်ရောက်
Reviewed by Ar Ti
on
7:04 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment