Latest News

Thursday, December 15, 2016

အိန္ဒိယက မြန်မာနိုင်ငံမှာ တံတား ၆၈ စင်း တည်ဆောက်သွားဖို့ရှိ

အိန္ဒိယက မြန်မာနိုင်ငံမှာ တံတား ၆၈ စင်း တည်ဆောက်သွားဖို့ရှိ


အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းမကြီးဖောက်လုပ်ရေး စီမံကိန်းရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ မြန်မာနိုင်ငံအတွင်းမှာ အိန္ဒိယက တံတားပေါင်း ၆၈ စင်း တည်ဆောက်သွားဖို့ ရှိနေပါတယ်။

အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းမကြီးစီမံကိန်းမှာ လမ်းတွေ တံတားတွေ ဆောက်လုပ်တဲ့အတွက် မြန်မာနိုင်ငံရော အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းက ပြည်နယ်တွေအတွက်ပါ အကျိုးရှိလာမယ်လို့ အိန္ဒိယ ပြည်ပရေးရာဝန်ကြီး ဗီဂျေကူးမားဆင်းက ပြောကြားခဲ့တာပါ။

အိန္ဒိယနိုင်ငံဟာ လက်ရှိမှာ ကုလားတန်ဘက်စုံ သယ်ယူပို့ဆောင်ရေး စီမံကိန်းကိုလည်း ဖော်ဆောင်နေပါတယ်။ အဲဒီစီမံကိန်းဟာ အိန္ဒိယက ဆိပ်ကမ်းတွေနဲ့ မြန်မာနိုင်ငံက စစ်တွေဆိပ်ကမ်းကို ပိုလွယ်ကူအဆင်ပြေစွာ ချိတ်ဆက်ဖို့ တည်ဆောက်နေတာ ဖြစ်ပါတယ်။

SOURCES © 2016 MCN TV (NEWS CHANNEL)

No comments:

Post a Comment