Latest News

Thursday, December 15, 2016

အလောင်းတော်ကဿပ ဘုရားဖူးလမ်း ဖွင့်လှစ်မှု နောက်ကျမည်

အလောင်းတော်ကဿပ ဘုရားဖူးလမ်း ဖွင့်လှစ်မှု နောက်ကျမည်

မုံရွာ၊ ဒီဇင်ဘာ ၁၅

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် အတွင်းရှိ အလောင်းတော် ကဿပဘုရားဖူးလမ်းကို နှစ်စဉ် ဖွင့်ချိန်ထက် နောက်ကျပြီး ဇန်နဝါရီလ ပထမပတ်အတွင်း ဖွင့်လှစ်မည်ဖြစ်ကြောင်း ယင်းမာပင်မြို့နယ် အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။

ယခင်နှစ် ဘုရားဖူးရာသီအစ ၂၀၁၅ ဒီဇင်ဘာလအတွင်း လမ်းဖွင့်လှစ်နိုင်ခဲ့သော်လည်း ပြီးခဲ့သည့်နှစ် မိုးရာသီတွင် သာမန်ထက် မိုးများခဲ့ခြင်းကြောင့် လမ်းကြောင်းထိုးရာတွင် အခက်အခဲများ ရှိ၍ ယခုနှစ် ဘုရားဖူးရာသီတွင် ဖွင့်ချိန် ရက်တစ်ပတ်ခန့် နောက်ကျနိုင်ကြောင်း ယင်းမာပင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းက ပြောကြားသည်။

“လောလောဆယ် လမ်းဖောက်တာ ပွင့်ကြီးပဲ ရှိပါသေးတယ်။ အောက်က မြေကပျော့တော့ စိမ့်ရေ စမ်းရေ ထွက်နေတော့ ဘူဒိုဇာနဲ့ လမ်းထိုးရတာ လိုရာ မရောက်ဘဲ စောင့်စောင့်နေရတယ်”ဟု ၎င်းက ဆိုသည်။

အဆိုပါ ဘုရားသို့ သွားသည့်လမ်းမှာ ကပိုင်ရွာမှ အလောင်းတော် ကဿပတောင်ခြေစခန်းအထိ မိုင် ၂၀ ကွာဝေးသည့် တောင်တက် မြေသားလမ်းဖြစ်ပြီး ပွင့်လင်းရာသီမှသာ သွားလာနိုင်သည့်လမ်း ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

နှစ်စဉ် ပြာသို လပြည့်နေ့တိုင်း ဆွမ်းလောင်းပွဲ ကျင်းပသည့် အဆိုပါ ဘုရားပွဲတော်သည် ဆောင်းရာသီတွင် လမ်းစဖွင့်ပြီး တန်ခူးလအထိ လေးလသာ ကျင်းပ၍ မုံရွာမြို့မှ ၅၇ မိုင်ကွာဝေးကာ ဧက သုံးသိန်းလေးသောင်းကျော် ကျယ်ဝန်းသည့် အလောင်းတော် ကဿပ အမျိုးသား ဥယျာဉ်နှင့် ထိစပ်နေသည်။

R-08

SOURCESTHE VOICE

No comments:

Post a Comment