Latest News

Thursday, December 8, 2016

ငွေဆောင်ရောက်နေတဲ့ ၀ါဆိုမိုးဦး

ငွေဆောင်ရောက်နေတဲ့ ဝါဆိုမိုးဦး

သူမရဲ့ အချစ်ရေးကတော့ အေးအေးဆေးဆေးဖြစ်နေပါသတဲ့။

     
Single ဖြစ်သွားတဲ့ ဝါဆိုမိုးဦးတစ်ယောက်ကတော့ လက်ရှိမှာ ငွေဆောင်ကို ရောက်နေတယ်လို့ သိရပါတယ်။ Trend အမှတ်တံဆိပ် ဖက်ရှင်အတွက် ဒီဇင်ဘာ(၇)ရက်နေ့က ငွေဆောင်မှာရိုက်ကူးရေး လုပ်နေတယ်လို့ သိရပါတယ်။

ငွေဆောင်မှာ ဖြိုးလေး(Snare)နဲ့အတူ Trend အမှတ်တံဆိပ် အတွက် ရိုက်ကူးရေးတွေ အတူလုပ်နေတယ်လို့ သိရပါတယ်။ လာမယ့် ဇန်နဝါရီလထဲမှာ ဖြန့်ချိမယ့် Trend အမှတ်တံဆိပ်ကြော်ငြာကို ဖြိုးလေး၊ ဝါဆိုမိုးဦးတို့နဲ့အတူ X-Box ၊ နန်းဆုဦးတိုလည်း ပါဝင်ပြီး ဒါရိုက်တာ ဝင်းလွင်ထက်က ရိုက်ကူးနေတယ်လို့ သိရပါတယ်။

ကြော်ငြာရိုက်ကူးရေးတွေလုပ်နေတဲ့ သူမက ဇာတ်ကားရိုက်ကူးမှုတွေနားထားပြီး အခွေအတွက် အားစိုက်နေတယ်လို့ သိရပါတယ်။

Source : 7day News & Duwun
Photo  : ဝါဆိုမိုးဦး ဖေ့စ်ဘွတ်

No comments:

Post a Comment