Latest News

Thursday, December 8, 2016

ကက်ပီတယ်ဈေးဝယ်စင်တာ အသေးစားပေါက်ကွဲမှုတွင် သံသယရှိသူတစ်ဦး ထပ်မံဖမ်းမိ

ကက်ပီတယ်ဈေးဝယ်စင်တာ အသေးစားပေါက်ကွဲမှုတွင် သံသယရှိသူတစ်ဦး ထပ်မံဖမ်းမိ

ဒေါပုံမြို့နယ်ရှိ Capital Hypermarket ဈေးဝယ်စင်တာ တွင် အသေးစားဖောက်ခွဲမှု ပြု လုပ်ရာ၌ ပါဝင်သည်ဟု သံသယရှိသူတစ်ဦးကို ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ထပ်မံဖမ်းဆီးထားကြောင်း သတင်းရရှိသည်။

နိုဝင်ဘာ ၂၅ ရက် ညနေက ရန်ကုန်မြို့အစိုးရရုံးအတွင်း အ သေးစားပေါက်ကွဲမှု နှစ်ကြိမ်ဖြစ် ပွားပြီးနောက် သံသယရှိသူအမျိုး သားသုံးဦးကို ရန်ကုန်တိုင်းရဲတပ် ဖွဲ့က ဖမ်းဆီးထားပြီး ရန်ကုန်မြို့ တွင် အသေးစားဖောက်ခွဲမှု ပြုလုပ်သူ စုစုပေါင်းလေးဦး ဖမ်းဆီးထားကြောင်း သတင်းရရှိ သည်။

နိုဝင်ဘာ ၂၀ ရက် ညနေတွင် ဒေါပုံမြို့နယ်ရှိ Capital Hypermarket ဈေးဝယ်စင်တာ၌  မိနစ်ပိုင်းအတွင်း နေရာနှစ်နေရာ၌ အသေးစား ပေါက်ကွဲမှုလေးကြိမ် ဖြစ်ပွားခဲ့ သည်။

ယင်းဖောက်ခွဲမှုတွင် ပါဝင် သည်ဟု သံသယရှိသူ ကျော်သူ (ခ)ကျော်ကြီးဆိုသူကို ထပ်မံဖမ်း ဆီးထားခြင်းဖြစ်သည်။ ကျော်ကြီး သည် မင်္ဂလာတောင်ညွန့်မြို့နယ် ရေတွင်းကုန်းရပ်ကွက်၊ ၁၂၂ လမ်း တွင် နေထိုင်သူဖြစ်ကြောင်း ရန် ကုန်တိုင်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောသည်။

 ‘‘စစ်ဆေးမေးမြန်းဖို့ဆိုပြီး ခေါ်သွားတာပေါ့။ သူက Capital ဖောက်ခွဲမှုဖြစ်စဉ်မှာ စွပ်စွဲခံရသူ ကို ကားမောင်းလိုက်ပို့တာပေါ့။ CCTV မှာလည်း သူကနောက်က နေ အထုပ်ကိုင်ထားတာပေါ်တယ် ပေါ့။ သူက ကားမောင်းသမားပါ’’ ဟု ရေတွင်းကုန်းရပ်ကွက် အုပ် ချုပ်ရေးမှူး ဦးရဲနောင်သိန်းက ပြောသည်။

ရန်ကုန်မြို့တွင် နိုဝင်ဘာ ၁၇ ရက်မှ ၂၅ ရက်အထိ ကိုးရက် အတွင်း အဆိုပါ M-150 အချို ရည်ပုလင်းများ အသုံးပြု၍ အ စိုးရရုံးနှင့် ဈေးဝယ်ကုန်တိုက်များ အပါအ၀င် အသေးစားပေါက်ကွဲ မှု လေးနေရာဖြစ်ပွားခဲ့ပြီး ပေါက် ကွဲမှု ၁၂ ကြိမ်ဖြစ်ပွားခဲ့သည်။

 ယင်းဖြစ်စဉ်များအတွက် ဖောက်ခွဲမှုသံသယရှိ တရားခံများ ကို နိုဝင်ဘာ ၂၅ ရက်က သင်္ဃန်းကျွန်းမြို့နယ် င/က ရပ်ကွက်တွင်သွားရောက်ဖမ်းဆီးခဲ့ပြီး သံသယရှိတရားခံများသည် ဈေးဝယ်ကုန်တိုက်များအပါအ၀င် အစိုးရရုံးများကို အသေးစားဖောက်ခွဲမှုပြု လုပ်ခဲ့သည်ဟု ၀န်ခံထားကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ တာဝန်ရှိ သူတစ်ဦးကဆိုသည်။
Sources ; 7 Day

No comments:

Post a Comment