Latest News

Thursday, December 8, 2016

အင်ဒိုသမ္မတ နှင့် ကိုဖီအာနန်တို့ ရခိုင်အရေးဆွေးနွေး

အင်ဒိုသမ္မတနှင့် ကိုဖီအာနန် တို့ ရခိုင်အရေး ဆွေးနွေး


ရခိုင်ပြည်နယ်အတွင်းရှိ မွတ်ဆလင်များအား လူသားခြင်း စာနာမှုဆိုင်ရာ အကူအညီပေးရေး ကိစ္စနှင့် ပတ်သက်ပြီး အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီက ကုလသမဂ္ဂ အတွင်းရေးမှူးဟောင်း ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ဥက္ကဋ္ဌ ကိုဖီအာနန်နှင့် အင်ဒိုနီးရှားနိုင်ငံ ဘာလီ တွင် ယနေ့ (ဒီဇင်ဘာ ၈ ရက်) က တွေ့ဆုံစဉ် ဆွေးနွေးခဲ့ကြောင်း ဂျာကာတာပို့စ် သတင်းဖော်ပြချက်အရ သိရသည်။

ယနေ့တွင် ဘာလီတွင် ကျင်းပပြုလုပ်မည့် ၉ ကြိမ်မြောက် ဘာလီဒီမိုကရေစီ ဖိုရမ်ဖွင့်ပွဲအခမ်းအနား မတိုင်မီ ကိုဖီအာနန်နှင့် နှစ်ဦးကြား မိနစ် ၃၀ ကြာ ဆွေးနွေးခဲ့သည်။

ကိုဖီအာနန်သည် လက်ရှိအချိန်တွင် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ ဥက္ကဋ္ဌအဖြစ် ရှိနေသူတစ်ဦး ဖြစ်သည်။ ဆွေးနွေးစဉ် အတောအတွင်း ကိုဖီအာနန်မှ ဂျိုကိုဝီအား ရခိုင်ပြည်နယ် ခရီးစဉ်နှင့် ပတ်သက်သည့် အခြေအနေများကို ရှင်းပြခဲ့ပြီး လူအခွင့်အရေးဆိုင်ရာ အကူအညီများ လိုအပ်နေကြောင်း ပြောခဲ့ဟုဆိုသည်။

အခက်အခဲဖြစ်နေသည့် ဒေသသို့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့များ ပေးသည့် အစီအစဉ်ကို ကိုဖီအာနန် က ကြိုဆို ချီးမွမ်းကြောင်း သမ္မတအစည်းအဝေးတွင် လိုက်ပါသည့် နိုင်ငံခြားရေးဝန်ကြီး ရန်နိုမာဆူဒီက သတင်းမီဒီယာများကို ပြောသည်။

အင်ဒိုနီးရှားနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ၀န်ကြီး H.E.Mrs. Retno LP. Marsudi သည် မြန်မာနိုင်ငံသို့ ခရီးစဉ်အတွင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် နှင့်တွေ့ဆုံပြီး မြန်မာနိုင်ငံနှင့် အင်ဒိုနီးရှား နိုင်ငံတို့အကြား နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးကိစ္စ၊ ရခိုင်ပြည်နယ် အတွင်း နောက်ဆုံးဖြစ်ပေါ် တိုးတက်မှု အခြေအနေ၊ အင်ဒိုနီးရှားနိုင်ငံ အနေဖြင့် ရခိုင်ပြည်နယ်မှ အသိုက်အ၀န်း နှစ်ခုစလုံး အတွက် လူသားချင်း စာနာထောက်ထားမှု အကူအညီနှင့် ကျန်းမာရေး ဆိုင်ရာ ကူညီစောင့်ရှောက်မှု အကူအညီများ ပေးအပ်ရေး ကိစ္စတို့ကို အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြောင်း မြန်မာနိုင်ငံခြားရေး ၀န်ကြီးဌာန သတင်းထုတ်ပြန်ချက်အရ သိရသည်။
စိုင်းဟန်
The Ladies News

No comments:

Post a Comment