Latest News

Saturday, December 17, 2016

ဂီဒေါင်စခန်း ကျဆုံးခဲ့မှုအတွက် ၀မ်းမနည်းကြရန် ဗိုလ်ချုပ် ဂွမ်မော်ပြော

ဂီဒေါင်စခန်း ကျဆုံးခဲ့မှုအတွက် ၀မ်းမနည်းကြရန် ဗိုလ်ချုပ် ဂွမ်မော်ပြော

ကချင်အမျိုးသားများရဲ့ယုံကြည်မှုနဲ့ ဂီဒေါင်စခန်း လဲလှယ်လိုက်ရတဲ့အတွက် ၀မ်းမနည်းကြဖို့နဲ့ ၄ လကြာ ခုခံတိုက်ပွဲဆင်နွှဲခဲ့ကြတဲ့ ရဲဘော်ရဲဘက်များကို လေးစားအသိမှတ်ပြုကြောင်း ကေအိုင်အို ဒုဥက္ကဋ္ဌ ဗိုလ်ချုပ် ဂွမ်မော်က ပြောကြားလိုက်ပါတယ်။

ဝိုင်းမော်မြို့နယ်က ကေအိုင်အေရဲ့ အမာခံစခန်းဖြစ်တဲ့  ဂီဒွန်တောင်ကုန်းကို အစိုးရတပ်ဘက်က သိမ်းပိုက်ခဲ့တာနဲ့ပတ်သက်ပြီး ဒီဇင်ဘာ ၁၇ ရက်နေ့ရက်စွဲနဲ့ ဗိုလ်ချုပ် ဂွမ်မော်က သူ့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာကနေ အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။

ကချင်စာနဲ့ ရေးသားတဲ့ စာထဲမှာတော့

ကချင်အမျိုးသား ပြည်သူလူထုရဲ့ ကူညီထောက်ပံ့တဲ့ ချစ်ခြင်းမေတ္တာ ကြီးမားမှုကို ဂီးဒေါင် တိုက်ပွဲက သက်သေအဖြစ် တွေ့မြင်နေရပါပြီ။ ၄ လကြာ ခုခံနိုင်ခဲ့တဲ့ အာဇာနည်များ၊ ရဲဘော်ရဲဘက်များရဲ့ ရဲစွမ်း သတ္တိကို လေးစားအသိအမှတ်ပြုလိုက်ပါပြီ။ ကချင်အမျိုးသားများရဲ့ ယုံကြည်မှုနဲ့ စိတ်ဓာတ်ကို ဂီဒေါင်စခန်း နဲ့ လဲလှယ်လိုက်ရတဲ့အတွက် ကျနော်တို့အားလုံး ဝမ်းမနည်းကြပါနဲ့။

SOURCES DVB

No comments:

Post a Comment