Latest News

Friday, December 16, 2016

မြန်မာနိုင်ငံက ပြည်နယ်အလိုက် အထိမ်းအမှတ် နေရာများ

မြန်မာနိုင်ငံက ပြည်နယ်အလိုက် အထိမ်းအမှတ် နေရာများ

ပြည်နယ်အလိုက် အထိမ်းအမှတ် နေရာတွေကို ဖော်ပြလိုက်ပါတယ်။
     
မြန်မာနိုင်ငံမှာ ပြည်နယ်ပေါင်း ၇ ခု ရှိပြီး ဆိုင်ရာ ပြည်နယ်အလိုက် အမှတ်အသားတွေ ရှိကြပါတယ်။

ကချင်

ခါကာဘိုရာဇီ ရေခဲတောင်က ကချင်ပြည်နယ်နဲ့ ထင်ရှားတဲ့ အမှတ်အသားပါ။ လှပတဲ့ ဇီဝမျိုးစိတ်တွေနဲ့ ကမ္ဘာ့ ရှားပါးစာရင်းဝင် သစ်ခွတွေကိုလည်း တွေ့နိုင်ပါလိမ့်မယ်။

ကယား

ငွေတောင်ပြည်မှာဆိုရင်တော့ တောင်ကွဲစေတီပေါ့။

ကရင်

ဖားစည်သံတွေဝေတဲ့ ကရင်ပြည်နယ်မှာ ခိုင်ခံ့ထည်ဝါစွာ ရှိနေတာကတော့ ဇွဲကပင်တောင်ကြီးပဲ ဖြစ်ပါတယ်။

ချင်း

အသဲပုံသဏ္ဍန် အလိုအလျောက် ဖြစ်ပေါ်နေတဲ့ ရိဒ်ရေကန်က တောင်ပေါ်ဒေသရဲ့ ထူးခြားတဲ့နေရာဖြစ်ပြီး တောင်ဇလပ်တွေကလည်း ချင်းပြည်နယ်ရဲ့ အမှတ်အသားပါ။

မွန်

မြန်မာပြည်ကို အလည်လာတဲ့ ခရီးသွားတွေး မရောက်မဖြစ် သွားကြတဲ့နေရာ၊ တန်ခိုးကြီးမားပြီး အံ့သြဖွယ်ရာ တည်ရှိနေတာက သမိုင်းဝင် ကျိုက်ထီးရိုးစေတီတော်ကြီးဖြစ်ပါတယ်။

ရခိုင်

သျှစ်သောင်း ပုထိုးတော်ကြီးက ရခိုင်ပြည်နယ်ရဲ့ အထင်ကရ နေရာဖြစ်ပါတယ်။ ပုဂံလိုပဲ ဘုရားစေတီတွေ မြောက်မြားစွာရှိတဲ့နေရာတစ်ခုပါ။

ရှမ်း

ရှမ်းပြည်နယ်လို့ ပြောလိုက်တာနဲ့ အင်းလေးကန်ကို ပြေးမြင်မိမှာပါ။ တောင်တွေကာရံထားတဲ့ကြားက သဘာဝရေကန်တစ်ခုဖြစ်ပြီး အင်းလေးကန်ထဲမှာ နေထိုင်ကြတဲ့ အင်းသူ အင်းသားတွေရဲ့ ရိုးရာဓလေ့တွေကလည်း ချစ်မြတ်နိုးစရာကောင်းပါတယ်။

Photo : Exoticvoyages : Duwun

No comments:

Post a Comment