Latest News

Saturday, December 17, 2016

ကျီးကန်းပြင်ရွာမှာ မီးလောင်မှုဖြစ်ပွားလို့ နေအိမ်ငါးလုံး ဆုံးရှုံး

ကျီးကန်းပြင်ရွာမှာ မီးလောင်မှုဖြစ်ပွားလို့ နေအိမ်ငါးလုံး ဆုံးရှုံး


မောင်တောမြို့နယ်၊ ကျီးကန်းပြင်ရွာ (အလယ်ရွာနဲ့တောင်ရွာကြား)မှာ ဒီဇင်ဘာ ၁၆ ရက်နေ့ ညနေ ၆ နာရီ ၁၀ မိနစ်က မြီးလောင်မှုဖြစ်ပွားခဲ့တာကြောင့် နေအိမ်ငါးလုံး ဆုံးရှုံးခဲ့ပါတယ်။

မီးလောင်ကျွမ်းမှုဖြစ်ပွားတဲ့နေအိမ်ဟာ လူနေထိုင်ခြင်းမရှိတဲ့ နေအိမ်ဖြစ်ပြီး အဲဒီကနေတစ်ဆင့် ၁၅ ပေပတ်လည်မှာရှိတဲ့ အိမ်တွေကို ကူးစက်ခဲ့တာပါ။

မီးလောင်တဲ့နေရာကို မီးသတ်၊ လုံခြုံရေးတပ်ဖွဲ့နဲ့ ကျီးကန်းပြင်အနောက်ရွာ ရပ်မိရပ်ဖတွေ သွားရောက်ငြှိမ်းသတ်ခဲ့တာကြောင့် ည ၇ နာရီ ၅၀ မိနစ်မှာ မီးငြိမ်းခဲ့ပါတယ်။ အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့လည်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဆက်လက်စုံစမ်းမှုတွေ ပြလုပ်နေပါတယ်။

MCN TV (NEWS CHANNEL)

No comments:

Post a Comment