Latest News

Tuesday, December 13, 2016

ကမ္ဘာ ဘိလိယက် ချန်ပီယံရှစ် ပြိုင်ပွဲမှာ မြန်မာ မှ တတိယဆုရ

ကမ္ဘာ ဘိလိယက် ချန်ပီယံရှစ် ပြိုင်ပွဲမှာ မြန်မာ မှ တတိယဆုရ

ရန်ကုန်၊ ဒီဇင်ဘာ ၁၃

အိန္ဒိယ နိုင်ငံမှာ ကျင်းပခဲ့တဲ့ ဘိလိယက် ပြိုင်ပွဲဖြစ်တဲ့ IBSF World Billiards Championship ပြိုင်ပွဲမှာ မြန်မာနိုင်ငံမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ကိုအောင်ဌေးက တတိယဆု ရရှိခဲ့ပါတယ်။

” သည်ပွဲက ကမ္ဘာအင်အားကြီး ဘိလိယက်အများကြီးပါတယ် ပြိုင်ပွဲနှစ်မျိုးထိုးတာ Long Up ရယ် 150-Up နှစ်မျိုးထိုးတာ Long Up မှာ စင်္ကာပူ က Peter Gilchrist
ရသွားတယ် ထိုင်းကလည်းလာတယ် ” လို့ တတိယဆုရရှိခဲ့တဲ့ ကိုအောင်ဌေး ကပြောပါတယ်။

အဆိုပါ ပြိုင်ပွဲက မလေးရှားနိုင်ငံမှာ ကျင်းပတော့မည့် ဆီးဂိမ်းအတွက်လည်း အထောက်အကူပြုမှာစေတယ်လို့ အားကစားသမားတွေက ပြောပါတယ်။

“အကို seagame ပြိုင်ဘက် ထိုင်းနှစ်ယောက်စလုံးကိုအနိုင် ရရှိတာ ဟာ ခုလာမယ် မလေးရှာ seagame အတွက် အထောက်အကူဖြစ်စေတယ်” လို့ သွားရောက်ယှဉ်ပြိုင်ခဲ့တဲ့
အားကစားသမား ကိုချစ်ကိုကို ကပြောပါတယ်။

ကိုအောင်ဌေးဟာ ဆီမီးဖိုင်နယ် ပွဲစဉ်မှာ လက်ရှိချန်ပီယံ ၁၅ကြိမ်ရ အန္ဒိယ ကစားသမား ADVANNI ကို 5 0 ရှုံးပြီး တတိယ ဆု နဲ့ ကျေနပ်လိုက်ရတာ ဖြစ်ပါတယ်။ အိန္ဒိယ နိုင်ငံမှာ
ကျင်းပခဲ့တဲ့ ဘိလိယက် ပြိုင်ပွဲဖြစ်တဲ့ IBSF World Billiards Championship ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ မြန်မာကိုယ်စားပြု အားကစား သမား နှစ်ယောက်ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။

IBSF World Billiards Championship 2016 ပြိုင်ပွဲကို နိုင်ငံပေါင်း ၁၆ နိုင်ငံ ပြိုင်ပွဲဝင်ပေါင်း ၂၆ ယောက်ဝင်ရောက် ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်ပြိုင်ပွဲမှာတော့
အိန္ဒိယနိုင်ငံမှ Pankaj Advani က ကမ္ဘာချန်ပီယံ အဖြစ် ရယူထားပြီး စင်္ကာပူနိုင်ငံက Peter Gilchrist က ဒုတိယ နေရာမှ ရပ်တည်ခဲ့ပါတယ်။

IBSF World Billiards Championship ပြိုင်ပွဲ ပွဲစဉ်ကို ဒီဇင်ဘာ လ ၅ ရက်နေ့မှ စတင်ပြီး ၁၂ ရက်နေ့အထိအိန္ဒိယနိုင်ငံမှာ ကျင်းပခဲ့တာဖြစ်ပါတယ်။
ကိုသက်ဖြိုး

 Sources ; Related Posts ; Kumudra

No comments:

Post a Comment