Latest News

Tuesday, December 13, 2016

စိတ်ကြွရူးသွပ်ဆေးပြား နှစ်ထောင်ခန့် ယာဉ်တစ်စီးပေါ်ကနေပစ်ချ သွား

စိတ်ကြွရူးသွပ်ဆေးပြား နှစ်ထောင်ခန့် ယာဉ်တစ်စီးပေါ်ကနေပစ်ချ သွား

ရန်ကုန်၊ ဒီဇင်ဘာ ၁၄၊ ဒီဇင်ဘာလ ၁၂ရက်နေမှာ မင်္ဂလာဒုံမြို.နယ်၊ပြည်လမ်းမရှိ တပ်မတော်ဆေးတက္ကသိုလ် အမှတ်(၂)ဂိတ်ပေါက်အနီး ပေ(၁၀၀)ခန်.အကွာမှာ စိတ်ကြွရူးသွပ်ဆေးပြားနှစ်ထောင်ခန့်ကို ယာဉ်တစီးပေါ်မှပစ်ချသွားကြောင်း မင်္ဂလာဒုံရဲစခန်းမှ သိရပါတယ်။

တပ်မတော်ဆေးတက္ကသိုလ်အနီး ယာဉ်တစီးပေါ်မှ ညနေ၆နာရီခန့်အချိန်မှာ မသင်္ကာဖွယ်ရာ အနက်ရောင်အထုတ်တထုတ် ပစ်ချသွားခဲ့တာကို သတင်းရရှိတာကြောင့်မင်္ဂလာဒုံရဲစခန်းက တာဝန်ကျရဲအရာရှိများနဲ့ မိုင်းရှင်းလင်းရေးအဖွဲ.က သွားရောက်စစ်ဆေးခဲ.ပါတယ်။

အဆိုပါနက်ရောင်အထုတ်ကိုစစ်ဆေးရာ ပေါက်ကွဲစေတတ်သောပစ္စည်းများမဟုတ်ဘဲ စိတ်ကြွရူးသွပ်ဆေးပြားများဖြစ်နေတယ်လို. သိရပါတယ်။

အဲဒီစိတ်ကြွရူးသွပ်ဆေးပြားများဟာ  ကာလတန်ကြေး သိန်း(၇၀)ခန်. တန်ဖိုးရှိတယ်လို့သိရပါတယ်။

ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြားများလွင့်ပစ်ခဲ့သူကို မင်္ဂလာဒုံရဲစခန်းမှ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေတတ်တဲ့ဆေးဝါးဆိုင်ရာဥပဒေပုဒ်မ ၁၉(က)ဖြင့် အမှုဖွင့်ထားပြီး ဖမ်းဆီးရရှိရေးအတွက် ဆက်လက်စုံစမ်းစစ်ဆေးလျက်ရှိတယ်လို. သိရပါတယ်။

ဒီဇင်ဘာလ ၁၁ရက်နေ့ကလည်းမင်္ဂလာဒုံမြို့နယ် ပတ္တမြားမြို့သစ်၊ ရွှေနံသာကျေးရွာအုပ်စု မေတ္တာလမ်းသွယ် ၃လမ်းရှိနေအိမ်တစ်အိမ်မှာ စိတ်ကြွ ရူးသွပ် ဆေးပြားပေါင်း ၂၄ သိန်းခန့်စုစုပေါင်းတန်း ကျပ်ငွေ ၈၆ ဘီလီယံ ကျော် တန်ဖိုးကို ဖမ်းဆီးရရှိခဲ့တယ်လို့သိရပါတယ်။

Sources ; ထင်လင်းထက် ; Kumudra

No comments:

Post a Comment