Latest News

Tuesday, December 13, 2016

သရုပ်ဆောင်မေသန်းနု လိမ်လည်မှုဖြင့် တရားစွဲခံရ

သရုပ်ဆောင်မေသန်းနု လိမ်လည်မှုဖြင့် တရားစွဲခံရ

ရန်ကုန်၊ ဒီဇင်ဘာ ၁၃

ရုပ်ရှင်သရုပ်ဆောင်မေသန်းနုကို ကြိုပွိုင့်စနစ်ဖြင့် တိုက်ခန်းဝယ်ယူရန် စရန်ငွေအဖြစ်ပေးခဲ့သည့် သိန်း ၄၀၀ ပြန်မပေးဟုဆိုကာ ကမာရွတ်မြို့နယ်တွင် နေထိုင်သော  ဒေါ်စန်းစန်းမြင့်က ရာဇသတ် ကြီးပုဒ်မ ၄၂၀ ဖြင့် တရားစွဲဆိုထားကြောင်း ရန်ကင်းမြို့နယ်တရားရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

"ဒီနေ့ကတရားစတင် စွဲဆိုတာပါ၊ တစ်ဦးကို သိန်းတစ်ရာစီနဲ့ နှစ်ဦးက အာမခံပေးထားပါတယ်၊ စွပ်စွဲသူအနေနဲ့ မပျက်မကွက် လာရောက် အစစ်ခံရမှာဖြစ်ပါတယ်၊ လာမယ့် ဒီဇင်ဘာလ ၂၇ ရက်နေ့ကို ပြန်ချိန်းလိုက်ပါတယ်"ဟု ၎င်းက ဆိုသည်။

ရုပ်ရှင်သရုပ်ဆောင်မေသန်းနုက သင်္ဃန်းကျွန်းမြို့နယ်၊ သုမင်္ဂလာလမ်းရှိ မြေကွက်ပေါ်တွင် ၈ ထပ်တိုက်ဆောက်လုပ်ရန် ကန်ထရိုက်ရရှိထားကြောင်း၊ ယင်းတိုက်ခန်းကို ကြိုပွိုင့်စနစ်ဖြင့် ၀ယ်ယူထားပါက အမြတ်ရရှိမည်ဟုဆိုကာ ယုံကြည်အောင်ပြောဆိုသဖြင့် စရန်ငွေအဖြစ် ငွေကျပ်သိန်း ၄၀၀ ကို၂၀၁၄ ခုနှစ်၊ ဇူလိုင်လက ပေးအပ်ခဲ့ကြောင်း ရန်ကင်း ရဲစခန်းတွင် ဒေါ်စန်းစန်းမြင့်၏ အမှုဖွင့် တိုင်ကြားချက်အရ သိရှိရသည်။

ဆောက်လုပ်ခွင့် ရရှိသည်ဟုဆိုသော ကန်ထရိုက် တိုက်ခန်းမှာမေသန်းနု ကိုယ်တိုင်ဆောက်လုပ်ခွင့်ရထားခြင်း မရှိကြောင်း ၂၀၁၆ ခုနှစ်၊ ဧပြီလအတွင်းက သိရှိရပြီး ပေးအပ်ထားသည့် စရန်ငွေ သိန်း ၄၀၀ ကို ပြန်လည်ပေးအပ်ရန် တောင်းဆိုရာမှ မရရှိဟုဆိုကာ ရန်ကင်း မြို့မရဲစခန်းတွင် ဒေါ်စန်းစန်းမြင့်က အမှုဖွင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ဒီဇင်ဘာ ၁၃ ရက်နေ့ မွန်းလွဲပိုင်းတွင် ရန်ကင်းမြို့နယ် တရားရုံးသို့ ရုပ်ရှင်သရုပ်ဆောင် မေသန်းနု ရောက်ရှိပြီး အာမခံလာရောက် လျှောက်ထားခဲ့သည်။
J-16

SOURCESTHE VOICE
TAGSမေသန်းနု

No comments:

Post a Comment