Latest News

Monday, December 12, 2016

မောင်တောမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၁ဝ သိန်း သိမ်းဆည်း ရမိ

မောင်တောမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၁ဝ သိန်း
သိမ်းဆည်း  ရမိ


မောင်တောမြို့နယ် အင်းဒင်ကျေးရွာ အနောက်ဘက် ခြောက်မိုင်ခန့်အကွာ ပင်လယ်ပြင်တွင် အမှတ်(၅၆၈)တပ်မတော်ရေယာဉ်ဖြင့် လုံခြုံရေး တာဝန် ဆောင်ရွက်လျက်ရှိသော တပ်မတော်(ရေ)မှ တပ်ဖွဲ့ဝင်များသည် ဒီဇင်ဘာ ၁၁ ရက်က မသင်္ကာဖွယ် လှေတစ်စင်းကိုတွေ့ရှိ၍ မီးအချက်ပြ ခေါ်ယူရာ မောင်းနှင်ထွက်ပြေးသဖြင့် လိုက်လံဖမ်းဆီးရာ စက်လှေနှင့်အတူ အောင်အောင်၊ အေးမောင်၊ မောင်လှ ချေ၊ ငြိမ်းချမ်း၊ သန်းဝင်းချေတို့ ငါးဦး ကို ဖမ်းဆီးရမိပြီး ၄င်းတို့ ပင်လယ် တွင်းပစ်ချ လိုက်သည့် ဆာလာအိတ် ငါးအိတ်ကို ဆယ်ယူစစ်ဆေးရာ တစ်အိတ် လျှင် ရေစိုနေသည့် စိတ်ကြွ ရူးသွပ်ဆေးပြား နှစ်သိန်းစီပါ ငါးအိတ် စုစုပေါင်းစိတ်ကြွရူးသွပ် ဆေးပြား ၁ဝ သိန်း သိမ်းဆည်းရမိ သည်။

ထို့အတူ ဒီဇင်ဘာ ၁ဝ ရက်က မူးယစ်တပ်ဖွဲ့စု(၂၆) ပင်လောင်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်း အဖွဲ့သည် ပင်လောင်း-မှော်ဘီသွား ကားလမ်းပေါ်တွင် ခွန်အောင်ကျော်ဦး မောင်းနှင်လာသည့် မော်တော်ယာဉ် ကို ရှာဖွေစစ်ဆေးရန်ရပ်တန့်ခိုင်းစဉ် မောင်းနှင်ထွက်ပြေးသဖြင့် လိုက်လံ ဖမ်းဆီးရာ ညောင်ရွှေမြို့နယ် နားကန် ရွာအနီးတွင် ယင်းကားကို တွေ့ရှိ ဖမ်းဆီးရမိပြီး ရှာဖွေရာ ဘိန်းစိမ်း ၈၆ ဒသမ ၉၈ ကီလို (ယင်းဒေသ တန်ဖိုး ငွေကျပ် ၅၆၅ ဒသမ ၃၇ သိန်း) သိမ်းဆည်းရမိသဖြင့် ၄င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများဆိုင်ရာဥပဒေ အရ အရေးယူထားကြောင်း သတင်း ရရှိသည်။

(သတင်းစဉ်)

No comments:

Post a Comment