Latest News

Monday, December 12, 2016

ပြည်သူ့ဆေးရုံတွေ ဆရာဝန်လိုအပ်ချက်စာရင်း ဗဟိုအစိုးရကို ပို့ပါ


ပြည်သူ့ဆေးရုံတွေ ဆရာဝန်လိုအပ်ချက်စာရင်း ဗဟိုအစိုးရကို ပို့ပါ


နေပြည်တော်၊ ဒီဇင်ဘာ ၁ ဝ – ပြည်သူ့ဆေးရုံကြီးတွေမှာ ဆရာဝန်၊ အထူးကုစတဲ့ ကျန်းမာရေးဝန်ထမ်း လိုအပ်ချက် အရေအတွက်ကို ဗဟိုအစိုးရကို တင်ပေးဖို့ ဝန်ကြီးရုံးက အမိန့်ထုတ်ထားပါတယ်။

‘ဒီလိုကိစ္စတွေမှာ ဆေးရုံက မပြောရင် ဗဟိုက မသိနိုင်ပါဘူး၊ ကျွန်တော်တို့မှာ ဆေးရုံ ၁၀ဝ၀ ရှိပါတယ်၊ သို့သော်လဲ ဒီကိစ္စကို သိဖို့အတွက်ကို ကျွန်တော် အမိန့်ထုတ် ထားပါပြီ”လို့ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာ မြင့်ထွေးက ပြောပါတယ်။

သူက ‘တစ်ပြည်လုံးမှာရှိတဲ့ ဆေးရုံ ၅၀ဝ၊ ၂၀ဝ၊ ၁၀ဝ၊ ၁၀ဝ၀ကအစ  HRH specialist တွေ ဘယ်သူတွေ ဘယ်နှ ယောက်ရှိတယ်၊ ခန့်ထားတာ ဘယ်နှယောက်ရှိတယ်၊ လစ်လပ်တာ ဘယ်နှ ယောက်ရှိတယ် ဆိုတာကို ကျွန်တော်တို့ တောင်းခိုင်းထားပါတယ်၊ ဒါကိုကြည့်ပြီး ရင်ုoverall review ပြန်လုပ်ပြီး ဒါကို ကြည့်ပြီးမှ ဘွဲ့လွန်ထုတ်တာကို ချိန်ပြီး လုပ်သွားမှာပါ”လို့  ဆိုပါတယ်။

ပြည် မဲဆန္ဒနယ်က ဒေါက်တာ ခင်စိုးစိုး ကြည်ရဲ့ ပြည်မြို့ခုတင် ၅၀ဝဆေးရုံကြီးတွေ အထူးကုဆရာဝန် လိုအပ်ချက် ဖြည့်ဆည်းပေးဖို့ မေးမြန်းချက်ကို ဒီဇင်ဘာ ၉ ရက်နေ့က မေးမြန်းရာမှာ  ဝန်ကြီးက ပြန် လည်ဖြေကြားတာ ဖြစ်ပါတယ်။

၂၀၁၆ခုနှစ်မှာ အထူးကုဆရာဝန်ကြီး များ ၅၇၅ ဦး၊ ၂၀၁၇မှာ အထူးကုဆရာဝန် ကြီး (different categories) ၆၉၉ ဦး၊ ၂၀၁၈မှာ ၇၄၃ ဦး၊ စုစုပေါင်း ၂၀၁၇ ဦးရှိလာ မှာ ဖြစ်ပါတယ်။ ပါရဂူအဆင့် ဆရာဝန်တွေက ၂၀၁၆မှာ ၈၇ ဦး၊ ၂၀၁၇မှာ ၈၅ ဦး၊ ၂၀၁၈ မှာ ၁၅၆ ဦး စုစုပေါင်း ၃၂၈ ဦး ထွက်ပါမယ်။ ၂၀၁၉ခုနှစ်နဲ့ ၂၀၂၀မှာဆိုရင် သည်ထက်ပိုများများထွက်အောင် ကျွန်တော်တို့ ကြို စီစဉ်ထားတယ်လို့ သိရပါတယ်။

‘အချိန်နဲ့ လိုအပ်ချက်နဲ့ လုပ်နေတဲ့ အခါမှာ ဒီတစ်နှစ် နှစ်နှစ်ကတော့ နည်း နည်းလေးတော့ လိုမယ်ခင်ဗျ၊ သို့သော် after 2year , 3year လောက်ဆိုရင် ကျွန် တော်တို့က အလျဉ်မီလာလိမ့်မယ်˘လို့ ဝန် ကြီးက ပြောပါတယ်။

သွားအထူးကုတွေ၊ သူနာပြုတွေလည်း အများကြီး ထပ်ထွက်ဖို့ ရှိနေပါတယ်။ သည်နှစ်မှာ အလားအလာ ဘယ်လောက်ကောင်းလဲဆိုရင် ဆေးပညာ မဟာသိပံသင်တန်းမှာ ၂၂၅၉ ဦး၊ ဆေး လက်တွေ့ပါရဂူအနေနဲ့ ၃၅၅ ဦး၊ ဆေး လက်တွေ့အခြေခံမှာ ပါရဂူသင်တန်း ၉၇ ဦး၊ diploma ၁၂၈ ဦး စုစုပေါင်း ၂၈၃၉ ဦးက လောလောဆယ်သင်တန်းတွေ တက်နေတယ်လို့ သိရပါတယ်။

ဒီဇင်ဘာလ လဆန်းပိုင်းက သူနာပြု ၁၂၉၁ ဦးခန့်လိုက်ပါတယ်။ ဒါကို တိုင်းနဲ့ ပြည်နယ်ဦးစီးမှူးတွေ လက်ထဲကို အပ်လိုက်ကာ ပြန်နေရာချပေးဖို့ ရှိနေပါတယ်။ သည်လအတွင်း bachelor of nursing ကို ၃၀ဝလောက်ခန့်ဖို့ ရှိနေတာလည်း ဖြစ်ပါတယ်။

ကျန်းမာရေး ဝန်ကြီးဌာနအနေနဲ့ လူ့ စွမ်းအားအရင်းအမြစ်အပေါ် လေ့လာတွေ့ရှိချက်အတိုင်း နှစ်အလိုက် အစီအစဉ် တွေဆွဲပြီး ဆောင်ရွက်နေပါတယ်။


Sources ; ချိုဇင်မာဝင့် ; Kumudra

No comments:

Post a Comment