Thursday, December 15, 2016
အင်းလေးကန်အတွက် သုံးစွဲထားသည့် ကျပ်သန်း ၄၀၀ အား ပြန်လည်စိစစ်ရန် လွှတ်တော်ဆုံးဖြတ်
အင်းလေးကန်အတွက် သုံးစွဲထားသည့် ကျပ်သန်း ၄၀၀ အား ပြန်လည်စိစစ်ရန် လွှတ်တော်ဆုံးဖြတ်
နိုင်ငံတော်သမ္မတရဲ့ သီးသန့်ရန်ပုံငွေကနေ အင်းလေးကန် ရေရည်တည်တံ့ရေး လုပ်ငန်းအတွက် သုံးစွဲထားတဲ့ ငွေကျပ် သန်း ၄၀၀ ကို ပြန်လည်စိစစ်ဖို့ မနေ့က ပြည်ထောင်စုလွှတ်တော်မှာ ဆုံးဖြတ်လိုက်ပါတယ်။
၂၀၁၆ ပြည်ထောင်စုရဲ့ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေပါ သီးသန့်ရန်ပုံငွေထဲက ကျပ်သန်း ၁၆၉၆၉ ဒသမ ၂၀၁၃၉ ကို ခွဲဝေသုံးစွဲခဲ့တဲ့ ကိစ္စရပ်တွေနဲ့ပတ်သက်ပြီး နိုင်ငံတော်သမ္မတက သဝဏ်လွှာပေးပို့ထားတာ ဖြစ်ပါတယ်။
သီးသန့်ရန်ပုံငွေကနေ ဆောက်လုပ်ရေးကြီးဌာနက ၂၀၁၆ ဇူလိုင်လနဲ့ သြဂုတ်လအတွင်း ပြည်နယ်နဲ့တိုင်း ၇ ခုမှာ ရေကြီးရေလျှံမှု သဘာဝဘေးဒဏ်တွေကြောင့် ပျက်စီးခဲ့တဲ့ လမ်းတွေနဲ့ တံတားတွေ ပြုပြင်ဖို့အတွက် ကျပ် ၆၆၉၁ သန်း သုံးစွဲခဲ့တယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ကတော့ မုံရွာမြို့နယ် ဥစားကြက်မွေးမြူရေးဇုန်မှာ ၂၀၁၆ ဧပြီ ၃ ရက်ကနေ မေ ၁၈ ရက်အထိ ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားမှုကြောင့် နစ်နာဆုံးရှုံးခဲ့တဲ့ ပိုင်ရှင် ၉၈ ဦးကို ထောက်ပံ့ကြေး ကျပ် ၆၆၂ ဒသမ ၉၂၂၃၉ သန်း ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ကတော့ ၂၀၁၆ ဧပြီနဲ့ မေလတွေမှာ လေပြင်းတိုက်ခတ်၊ မိုးရွာသွန်းပြီး မိုးသီးကြွေကျတာ၊ ဧရာဝတီမြစ်ရေမြင့်တက်ပြီး ချောင်းရေကြီးမှုတို့ကြောင့် မဖြစ်မနေ ဆောင်ရွက်ဖို့လိုအပ်တဲ့ လုပ်ငန်းတွေအတွက် ကျပ် ၉၂၁၅ ဒသမ ၂၇၉၀၀ သန်းနဲ့ ရှမ်းပြည်နယ်အစိုးရ အနေနဲ့ကတော့ အင်းလေးကန် ရေရှည်တည်တံ့ရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ ဝယ်ယူခဲ့တဲ့ သောင်တူးစက်အတွက် ပေးဖို့ကျန်ငွေ ကျပ် ၄၀၀ သန်းတို့ ဖြစ်တယ်လို့ သိရပါတယ်။
SOURCES DVB
အင်းလေးကန်အတွက် သုံးစွဲထားသည့် ကျပ်သန်း ၄၀၀ အား ပြန်လည်စိစစ်ရန် လွှတ်တော်ဆုံးဖြတ်
Reviewed by Ar Ti
on
10:03 PM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment