Latest News

Thursday, December 15, 2016

နယ်စပ်ကုန် တရားမဝင် ရှောင်ကွင်းလမ်းတွေကို တပ်မတော်နဲ့ ပူးပေါင်းဖမ်းဆီးမည်


နယ်စပ်ကုန် တရားမဝင် ရှောင်ကွင်းလမ်းတွေကို တပ်မတော်နဲ့ ပူးပေါင်းဖမ်းဆီးမည်


ရန်ကုန်၊ ဒီဇင်ဘာ ၁၄ – နယ်စပ်ကုန်သွယ်ရေးက တရားမဝင် ရှောင်ကွင်းလမ်းတွေကို ပိတ်ဖို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန် ကြီးဌာနက တပ်မတော်နဲ့ ပူးပေါင်း ဆောင်ရွက်နေပါတယ်။

စီးပွားကူးသန်းပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက “ရှောင်ကွင်းလမ်းတွေကို ပိတ်ဖို့ပြင်ထားပါပြီ၊ ဘယ်ပွိုင့်ဘယ်ပွိုင့်တွေပိတ်ဖို့ ပြင်လဲဆိုတာ တပ်မတော်နဲ့ ပေါင်းပြီး ပြင်ဆင်ပြီးပါပြီ၊ စီးကူး၊ သစ်တော၊ မူးယစ်၊ ကာစတန်၊ သက်ဆိုင်ရာ ဒေသခံ အထွေထွေအုပ်ချုပ်ရေးမှူးပါမယ်၊ အဲဒါ စီစဉ် ပြီးပြီ”လို့ ပြောပါတယ်။

လက်ရှိ မြန်မာနိုင်ငံက နယ်စပ်ကုန်သွယ်ရေးစခန်း ၁၅ ခုဖွင့်ပြီး တရားဝင်ကုန်သွယ်ခွင့်ပေးထားပေမဲ့ နယ်စပ်တွေမှာ တရားဝင် လမ်းကြောင်းတွေက မသွားဘဲ ရှောင်ကွင်းလမ်းတွေကနေ တရားမဝင် ကုန်စည်တွေ တင်သွင်းတာ ရောင်းချတာ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

သည်ဘဏ္ဍာရေးနှစ် ဧပြီလ ၁ ရက်နေ့ကနေ ဒီဇင်ဘာလ ၂ ရက်နေ့အထိ တရားဝင် နယ်စပ်ကုန်သွယ်ရေးစခန်းတွေက အမေရိကန်ဒေါ်လာ သန်းပေါင်း ၄၅၇၇ ကျော် ကုန်သွယ်ခဲ့ပါတယ်။ ပို့ကုန် အမေရိကန်ဒေါ်လာ ၂၈၆၀ သန်း ကျော်နဲ့ သွင်းကုန် အမေရိကန် ဒေါ်လာ ၁၇၁၇ သန်းကျော် ကုန်သွယ်ခဲ့တယ်လို့စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စာရင်းတွေအရ သိရပါတယ်။

ရှောင်ကွမ်းလမ်းတွေက ကုန်သွယ်တာတွေကို ကြပ်မတ်ဆောင် ရွက်နိုင်ရင် တရားဝင် နယ်စပ်က နေ ကုန်သွယ်တဲ့ ပမာဏ သည်ထက်တိုးတက်လာမှာ ဖြစ်ပါ တယ်။ တရားမဝင်ကုန်သွယ်မှု ပုံစံ လေးမျိုးရှိပြီး မှောင်ခိုကုန်သွယ်တာ၊ ပစ္စည်းအတုတင်သွင်းတာ၊ တရားဝင်ကုန်သွယ်မှုကို တရားမဝင် ကုန်သွယ်မှုက အပြိုင်ဆောင် ရွက်တာနဲ့ ကျသင့်ငွေတန်ဖိုး အောက် ဖော်ပြတာတွေ ပါဝင်တယ်လို့ သိရပါတယ်။

တရားမဝင်ကုန်သွယ်ရတာက ကုန်သည်တွေလိုစင်လိုအပ်ချိန်မှာ လိုင်စင်ချက်ချင်းမထုတ် ပေးနိုင်တာ၊ ပြည်တွင်းပြည်ပ ဈေးကွက်မှာ ဝယ်လိုအားမြင့်တက်နေပေမဲ့ တားမြစ်ပိတ်ပင်ထားတဲ့ ပစ္စည်းဖြစ်နေလို့ တင်ပို့ တင်သွင်းရန် အခက်အခဲရှိနေတာ၊ ဖမ်းဆီးအရေးယူတာနဲ့ အပြစ်ပေးတာ အားနည်းတာ၊ တချို့ကုန်ပစ္စည်းတွေက ကိုယ့်နိုင်ငံဘက်က တရားဝင် တင်ပို့နိုင်ပေမဲ့ တစ်ဖက်နိုင်ငံ က တရားဝင်တင်သွင်းခွင့်မပြု တာ၊ အခွန်မဆောင်ရလို့ ကုန်သည်တွေ အမြတ်ပိုရရှိတာတွေကြောင့် တရားမဝင်ကုန်သွယ်ကြတယ်လို့ မြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင် များအသင်း ဒုတိယဥက္ကဋ္ဌ ဦးဝေဖြိုးကရှင်းပြပါတယ်။

တရားမဝင်ကုန်သွယ်မှုတွေ ပပျောက်ဖို့အတွက် ဈေးကွက် မတိုင်မီတားဆီးတာ၊ ဈေးကွက်ထဲမှာ အရေးယူဆောင်ရွက်တာ၊ ဥပဒေ၊ ဌာနဆိုင်ရာ လုပ်ထုံးလုပ် နည်းတွေနဲ့ ထိန်းချုပ်ဆောင်ရွက်မှာဖြစ်ပြီး ဈေးကွက်ထဲ မရောက်မီ ဖမ်းဆီးနိုင်ဖို့ ရှောင်ကွင်းလမ်းတွေကို ပိတ်ဆို့ဖမ်းဆီးဖို့ ဆောင်ရွက်နေတာပါ။

နယ်စပ်ဂိတ်တွေမှာတရားဝင်ကုန်သွယ်မှု မြန်ဆန်ဖို့အီလက်ထရွန်းနစ်စနစ် (one stop service) တွေ ဆောင်ရွက်ဖို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာနက အကောက်ခွန်ဦးစီးဌာနနဲ့ ညှိနှိုင်းဆောင်ရွက်နေပါတယ်။

အခုဟာက တစ်နိုင်တစ်ဆွဲ မဟုတ်ဘူး။ မူဆယ်ဘက်မှာ သုံး ဘီးကားနဲ့ကို သယ်နေတာ၊ အဲဒါတွေ ပိတ်မှာလို့  ပြည်ထောင်စုဝန် ကြီး ဦးကျော်ဝင်းက ပြောပါတယ်။

SOURCES KUMUDRA ပို့ပို့မြင့်မွန်

No comments:

Post a Comment