Latest News

Thursday, December 15, 2016

အခွန်အများဆုံးဆောင်သည့် လုပ်ငန်းရှင် ၅၀ စာရင်းထုတ်ပြန်


အခွန်အများဆုံးဆောင်သည့် လုပ်ငန်းရှင် ၅၀ စာရင်းထုတ်ပြန်

ယခုနှစ်အတွက် မြန်မာနိုင်ငံမှာ ဝင်ငွေခွန်အများဆုံးထမ်းဆောင်တဲ့ လုပ်ငန်းရှင် ၅၀ စာရင်းကို စီမံကိန်းနှင့် ဘဏ္ဍာရေးဌာန ပြည်တွင်းအခွန်များဦးစီးဌာနက ထုတ်ပြန်ရာမှာ ကမ္ဘောဇဘဏ်က ကျပ်သန်း ၂ သောင်းကျော်နဲ့ အများဆုံး အခွန်ဆောင်ထားပါတယ်။

၂၀၁၅-၁၆ စည်းကြပ်နှစ်အတွက် ဝင်ငွေခွန် အများဆုံးထမ်းဆောင်တဲ့ မြန်မာကုမ္ပဏီနဲ့ လုပ်ငန်းရှင် ၁၀၀၀ အနက် ၅၀ ဦးရဲ့စာရင်းကို ထုတ်ပြန်ကြေညာထားတာဖြစ်ပြီး ကျပ်သန်းပေါင်း ၁ သောင်းအောက် ဝင်ငွေခွန်ဆောင်သူတွေထဲမှာ မြဝတီဘဏ်၊ မြဝတီထရိတ်ဒင်းနဲ့ မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီလီမိတက်တို့ ပါဝင်ပါတယ်။

အလားတူ အခုနှစ်အတွက် ကုန်သွယ်လုပ်ငန်းခွန် အများဆုံးဆောင်တဲ့ မြန်မာကုမ္ပဏီနဲ့ လုပ်ငန်းရှင် ၅၀ ကိုလည်း သီးခြားထုတ်ပြန်ထားရာမှာ ဒန်ကိုကုမ္ပဏီက ကျပ်သန်းပေါင်း ၂ သောင်းကျော်နဲ့ အများဆုံး အခွန်ဆောင်တဲ့ ကုမ္ပဏီဖြစ်တယ်လို့ သိရပါတယ်။

ကျပ်သန်း ၂ သောင်းအောက် ကုန်သွယ်ခွန်ဆောင်တဲ့ ကုမ္ပဏီတွေ စာရင်းမှာတော့ ဒဂုံဘီယာ၊ မြဝတီထရိတ်ဒင်း၊ ရွှေဗျိုင်းဖြူကုမ္ပဏီ၊ Asia Energy ထရိတ်ဒင်းနဲ့ Regency Material ထရိတ်ဒင်းတို့ ပါဝင်ပါတယ်။

SOURCES DVB

No comments:

Post a Comment