Latest News

Monday, December 5, 2016

ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်လျှက်ရှိသော ဘင်္ဂါလီအရေးကိစ္စများအတွက် မြန်မာအစိုးရကို မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇက် ကိုယ်တိုင် ပါဝင်ဆန္ဒပြခဲ့မှုကြောင့် အကျိုးဆက်အနေနှင့် မလေးရှားနိုင်ငံရှိ မြန်မာအလုပ်သမားများ နေရပ်ပြန်သွားမည်ကို မလေးရှားစီးပွားရေးလုပ်ငန်းရှင်များက စိုးရိမ်ပူပန်လျှက်ရှိနေကြသည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်လျှက်ရှိသော ဘင်္ဂါလီအရေးကိစ္စများအတွက် မြန်မာအစိုးရကို မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇက် ကိုယ်တိုင် ပါဝင်ဆန္ဒပြခဲ့မှုကြောင့် အကျိုးဆက်အနေနှင့် မလေးရှားနိုင်ငံရှိ မြန်မာအလုပ်သမားများ နေရပ်ပြန်သွားမည်ကို မလေးရှားစီးပွားရေးလုပ်ငန်းရှင်များက စိုးရိမ်ပူပန်လျှက်ရှိနေကြသည်။

မှတ်ပုံတင်စစ်တမ်းအရ မလေးရှားနိုင်ငံတွင် တရားဝင်နေထိုင်လုပ်ကိုင်ကြသော မြန်မာအလုပ်သမား ၇၁% မှာ ကုန်ထုတ်လုပ်ငန်းများတွင် လုပ်ကိုင်နေကြသည့်အတွက် နှစ်နိုင်ငံသဘောထားကွဲလွဲမှုက မလေးရှားနိုင်ငံ၏ စီးပွားရေးကဏ္ဍကို ထိခိုက်နစ်နာဖွယ်ရာရှိကြောင်း မလေးရှားစီးပွားရေးလုပ်ငန်းရှင်များ အဖွဲ့ချုပ် (MEF) က သတိပေးပြောကြားခဲ့သည်။
 အကယ်၍ မြန်မာအလုပ်သမားများ နေရပ်ပြန်သွားခဲ့ပါက လစ်ဟာသွားသော ၎င်းတို့၏နေရာတွင် အစားထိုးဖြည့်ဆည်းရန် ဒေသခံအငြိမ်းစားများနှင့်၊ ဘင်္ဂါလီလူမျိုးများပါဝင်တဲ့ဒုက္ခသည်များကို အလုပ်အကိုင်ဖန်တီးပေးသင့်ကြောင်း MEF  အမှုဆောင်ဒါရိုက်တာ ရှန်ဆူဒင်က သုံးသပ်ပြောကြားခဲ့သည်။ မလေးရှားနိုင်ငံရောက် ဒုက္ခသည်များထဲတွင် ဘင်္ဂါလီလူမျိုး ၃၆% ရှိနေပြီး ၎င်းတို့ကို အလုပ်လုပ်ကိုင်ခွင့်ပြုနိုင်ရန် မလေးရှားအစိုးရမှ ဒုက္ခသည်ဥပဒေများကို ပြောင်းလဲပြင်ဆင်လျော့ပေါ့ပေးရမှာဖြစ်ပါတယ်။

လက်ရှိတွင် တရားဝင်လုပ်ကိုင်နေသော မြန်မာအလုပ်သမားများကို လက်တလောအခြေအနေကြောင့် မြန်မာအစိုးရမှ နေရပ်သို့ပြန်လည်ခေါ်ယူခဲ့ပါက လုပ်ငန်းရှင်များက အလုပ်သမားများအတွက် ပေးဆောင်ထားရသည့် ဆေးဖိုးဝါးခ၊ အာမခံကြေး၊ အခွန်အခများနှင့် အခြားကုန်ကျစရိတ်များအားလုံးလည်း ဆုံးရှုံးခံရတော့မည်အပြင် စာချုပ်ဖောက်ဖျက်မှုအတွက် နစ်နာကြေးများလည်း ပေးဆောင်ရမည်ဆိုပါ မပေးနိုင်ကြောင်း ရှန်ဆူဒင်က ပြောကြားခဲ့သည်။

မလေးရှားနိုင်ငံ ဝန်ကြီးချုပ်ကိုယ်တိုင် မြန်မာအစိုးရကို ဆန္ဒပြမှုကြောင့် မလေးရှားရှိ မြန်မာလူမျိုးများ သတိနှင့် သွားလာလှုပ်ရှားနေရပြီး ပြဿနာတစ်စုံတစ်ခုဖြစ်လာပါက အိမ်ပြန်ရန် အသင့်ပြင်ထားကြောင်း မလေးရှားနိုင်ငံရှိ နာရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးစန်းဝင်းကပြောသည်။
ရခိုင်ဘင်္ဂါလီအရေးကိစ္စအပေါ် ဝင်ရောက်စွက်ဖက်ဆန္ဒပြခဲ့သော မလေးရှားအစိုးရအနေနှင့် ကိုယ့်ရှုးကိုယ်ပတ်မည့် အခြေအနေမျိုး ရင်ဆိုင်နေရပြီး၊ မလေးရှားဝန်ကြီးချုပ်ဟောင်း မဟာသီယာကလည်း ဆန္ဒပြတယ်ဆိုတာ အစိုးရရဲ့အလုပ်မဟုတ်ဘူးလို့ ပြစ်တင်ဝေဖန်ခဲ့ပါတယ်။

Ref:7Day

No comments:

Post a Comment