လူကြိုက်များသည့် အိန္ဒိယနိုင်ငံ တမီလ်နာဒူးပြည်နယ်ဝန်ကြီးချုပ်
အိန္ဒိယရဲ့ လူကြိုက်အများဆုံး နိုင်ငံရေးသမားတွေထဲက တဦးဖြစ်တဲ့ နိုင်ငံတောင်ပိုင်း တမီလ်နာဒူးပြည်နယ် ဝန်ကြီးချုပ် ဂျယာလာလိသ်သာ ဂျယာရာမန်ဟာ နှလုံးရောဂါနဲ့ ဒီဇင်ဘာ ၅ ရက် ညက ကွယ်လွန်သွားပြီလို့ ဆေးရုံက ကြေညာချက် ထုတ်ပြန်ပါတယ်။
ဆေးရုံပြင်ပမှာတော့ ထောင်နဲ့ချီတဲ့ ထောက်ခံအားပေးသူတွေ ဝမ်းနည်းနေကြတာပါ။
အိန္ဒိယရဲ့ သံမဏိအမျိုးသမီး ပူရတ်ချီ သာလိုင်ဗီ အမ်မာ မရှိတော့ဘူးလို့ သူ့ပါတီ AIADMK က တွစ်တာ လူမှုကွန်ရက်ပေါ်ကနေ ပြောပါတယ်။
တမီလ်ဘာသာစကားနဲ့ အမ်မာဆိုတာ မိခင်ကို ခေါ်တာဖြစ်ပြီး သူမ ၀န်ကြီးချုပ်တာဝန်ယူထားတဲ့ တမီလ်နာဒူးပြည်နယ်ဟာ ကားလုပ်ငန်းနဲ့ အိုင်တီ ဝန်ဆောင်မှုလုပ်ငန်းတွေရဲ့ အချက်အချာ အခြေစိုက်မြို့ ဖြစ်ပါတယ်။
စက်တင်ဘာလက ပြင်းထန်တဲ့ အသက်ရှူလမ်းကြောင်း ဝေဒနာကြောင့် ဆေးရုံတက် ကုသခံယူပြီး နောက်ပိုင်းမှာ သူ့အခြေအနေက သိသိသာသာ ဆိုးရွားခဲ့တာပါ။
ဒီဇင်ဘာ ၄ ရက် ညက နှလုံး အမောဖောက်လို့ ဆေးရုံတင်ခဲ့ရပြီး နောက်တရက်မှာ ကွယ်လွန်ခဲ့တာပါ။
သူမ ကွယ်လွန်ချိန်မှာ အသက် ၆၈ နှစ် ရှိပြီ ဖြစ်ပါတယ်။
DVB
Monday, December 5, 2016
လူကြိုက်များသည့် အိန္ဒိယနိုင်ငံ တမီလ်နာဒူးပြည်နယ်ဝန်ကြီးချုပ်
လူကြိုက်များသည့် အိန္ဒိယနိုင်ငံ တမီလ်နာဒူးပြည်နယ်ဝန်ကြီးချုပ်
Reviewed by Ar Ti
on
9:23 PM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment