Latest News

Thursday, December 8, 2016

သားသားကို အနုပညာအမွေ ဆက်ခံစေချင်တယ်ဆိုတဲ့ ဆုပန်ထွာ

သားသားကို အနုပညာအမွေ ဆက်ခံစေချင်တယ်ဆိုတဲ့ ဆုပန်ထွာ

သားလေးငယ် သေးလို့ အနုပညာအလုပ်တွေ ခဏနားထားတယ်ဆိုတဲ့ သရုပ် ဆောင် ဆုပန်ထွာက တတ်နိုင်တဲ့ ပရဟိတအလုပ်လေးတွေကတော့ လုပ်ပေးဖြစ်နေပြီး သားလေးကိုလည်း သူ့ရဲ့ အနုပညာအမွေကို ဆက်ခံစေချင်တယ်လို့ ဆိုပါတယ်။ ဆုပန်ထွာနဲ့ တွေ့ဆုံမေးမြန်းဖြစ်ခဲ့ တာထဲက တချို့ကို ကောက်နုတ်ဖော်ပြပါတယ်။

မော်ဒန်။ ။ မပန်ရဲ့ လတ်တလော ပရဟိတ အလုပ်လေးတွေကို ပြောပြပေးပါ။

ဆုပန်ထွာ။ ။ သည်နေ့လေးတင် မပန်တို့ဖေ့စ်ဘုတ်ခ်မှာ ခင်တဲ့ညီမလေးတစ်ယောက် ရှိတယ်။ သူ့ ကိုယ်ဝန်က ခုနစ်လရှိပြီ။ ကလေးက သိပ်မလှုပ်လို့ စစ်ရမှာ။ အဲသည် လိုကြားတော့ စိတ်ထဲမကောင်း ဘူး။ သူ့အခက်အခဲလေးတွေကတော့ စီးပွားရေးတွေ ဘာတွေ သိပ် အဆင်မပြေဘူးတဲ့။ ကိုယ်ဝန်သည်တစ်ယောက်ဟာ အရမ်းစိတ် ပူပန်တာတွေများရင် ကလေးအတွက် ထိခိုက်မှာစိုးတယ်။ သည်နေ့ မနက်တင်ပြောလိုက်တယ်။ မပန် ကလေးမွေးဖွားစရိတ်တာဝန်ယူပေးမယ်လို့ ပြောဖြစ်တယ်။ သူက ဖေဖော်ဝါရီလမှာ မွေးမှာလေ။ ကလေးမွေးစရိတ်ပေးမယ်ဆိုတော့ သူအရမ်းဝမ်းသာသွားတယ်။

မော်ဒန်။ ။ ကားရိုက်တွေကို ဘယ်အချိန်ကစပြီး နားဖြစ်ခဲ့တာလဲ။

ဆုပန်ထွာ။ ။ မပန်အနုပညာအ လုပ်လုပ်လာတာ ၁၄ နှစ်၊ ၁၅ နှစ်ရှိ ပြီ။ တစ်ရက်မှ မနားရဘူး။ မိုးလင်းက မိုးချုပ် အစ်မ အနုပညာအလုပ်တွေ ကြိုးစားပြီး လုပ်ဖြစ်တယ်။ ကိုယ်ဝန်ရှိတဲ့အချိန်အထိလည်း ရိုက်သေးတယ်။ သုံးလခွဲလေးလ လောက်အထိ မပန်ရိုက်တယ်။ ကိုဥက္ကာက ရှုတင်ကို လိုက်စောင့်ပေးတာပေါ့။ ဒါပေမဲ့ အပျိုတုန်းကလောက် အပင်ပန်းမခံနိုင်တော့ အစ်မနားလိုက်သေးတယ်။ ကြား ထဲမှာ ဓာတ်ပုံရိုက်တာလောက်ပဲ လုပ်ပေးဖြစ်တယ်။

မော်ဒန်။ ။ သားသားအတွက် ဘယ်လိုရည်မှန်းချက်တွေ ထားထားလဲ။

ဆုပန်ထွာ။ ။ မပန်ဘဝမှာ ဖြစ်ချင် တာတွေ၊ ရည်မှန်းထားတာတွေ၊ ဒါ တော့သည်လိုဖြစ်ရမှဆိုတဲ့စိတ်မျိုး နည်းတယ်။ စိတ်ထဲမှာ လောဘ ဒေါသနည်းနည်းလေးနဲ့ သူ့ဘာ သာအဆင်ပြေသလိုလေးဘဝကို အေးအေးချမ်းချမ်းသွားနေရတာမျိုးလေး သဘောကျတယ်။ ဒါပေ မဲ့ မပန်ကိုယ်ဝန်စရှိတဲ့အချိန်မှာ အပြင်းပြဆုံး ဖြစ်ချင်တဲ့စိတ်တစ်ခု ဖြစ်တယ်။ ကလေးကို ယောကျာ်း လေး၊ မိန်းကလေးမှန်း မသိခင်က တည်းကအစ်မစိတ်ထဲဖြစ်လာတာ က လောဘပေါ့။ မပန်ဇာတ်ကား တွေရိုက်ပြီး ပုသိမ်မှာ သီချင်းသွား ဆိုမယ့်အချိန်မှာ သွေးနည်းနည်း ဆင်းလာတော့ လန့်သွားတယ်။ ဝိ တိုရိယဆေးရုံရောက်တော့ အရေး ပေါ်ခန်းထဲမှာ အစ်မကို စမ်းသပ်ကြတယ်။ မပန်က သွေးဆင်းပြီဆို ရင် ကလေးပျက်ကျတာထင်တာ ပေါ့။ ငါ့ကလေးလေးများ တစ်ခုခု ဖြစ်သွားပြီလားပေါ့။ တာဝန်ကျတဲ့ ဆရာဝန်က ကလေးဘာမှမဖြစ်ပါ ဘူးတဲ့။ မပန်လှုပ်လှုပ်ရှားရှားလုပ် တာနည်းနည်းများသွားတယ် ထင်တယ်တဲ့။ တစ်လလောက်နား လိုက်ရင် ကောင်းသွားမှာပါတဲ့။ အဲ သည်တော့မှ ကလေးရဲ့တန်ဖိုးကို နားလည်သွားပြီး ငါ့ကလေးဘာမှမဖြစ်ဘူးဆိုပြီး မျက်ရည်တွေ ကျလာတာ။ ငါနားမှဖြစ်မယ်ဆိုပြီး အဲ သည်မှာ အစ်မ သူ့ကို အစစအရာ ရာ အားလုံးနဲ့လဲနိုင်သွားတယ်။ တစ်ခါမှ မဖျက်ခဲ့ဖူးတဲ့အလုပ်တွေ အားလုံးဖျက်လိုက်တယ်။ သူ့ကို ကောင်းစေချင်တဲ့စိတ်တွေပဲ ဖြစ် လာတယ်။

မော်ဒန်။ ။ သားသားရဲ့ ဘဝကို ဘယ်လိုလမ်းညွှန်မှုတွေ လုပ်ပေးသွားမလဲ။

ဆုပန်ထွာ။ ။ သားလေးကို မွေးကတည်းက ဆုတောင်းတာ ဘာသာ တရားကိုင်းရှိုင်းတဲ့ သားကောင်း ရတနာလေး ဖြစ်ပါစေ။ မိဘအပေါ် မှာ သိတတ်လိမ္မာတဲ့သားလေး ဖြစ် ပါစေပေါ့။ ကြီးလာရင် သူ့ကိုအ ကောင်းဆုံးဖြစ်အောင် သွန်သင်ဆုံးမမယ်။ စာတော်အောင် ကြိုး စားရမယ်။ နောက်တစ်ခု မပန်စိတ် ထဲရှိတာက မပန်ရဲ့ အနုပညာအမွေကို ယူစေချင်တယ်။ ပေးလည်း ပေးချင်တယ်။ မပန်သားလေးကို အနုပညာအမွေ ဆက်ခံစေချင်ပါ တယ်။

မော်ဒန်။ ။ အခုလို အချိန်ပေးဖြေ ကြားပေးတဲ့ မဆုပန်ထွာကို ကျေးဇူးတင်ပါတယ်။
Author ခတ္တာဖြူ /Kumudra
Photo - ဆုပန်ထွာ ဖော့ဘွတ်

No comments:

Post a Comment