Latest News

Monday, December 12, 2016

စက်ရုံအလုပ်သမားတွေအတွက် တန်ဖိုးနည်းအိမ်ရာတွေဆောက်မယ်

စက်ရုံအလုပ်သမားတွေအတွက် တန်ဖိုးနည်းအိမ်ရာတွေဆောက်မယ်


တန်ဖိုးနည်းအိမ်ရာစီမံကိန်း အခုနှစ်ဆယ်အထိ တည်ဆောက်သွားမယ်လို့ ဆိုပါတယ်။
 
စက်ရုံအလုပ်သမားတွေအတွက် တန်ဖိုးနည်းအိမ်ရာတွေဆောက်မယ်

ရန်ကုန်တိုင်းဒေသကြီးထဲက စက်ရုံအလုပ်သမားတွေအတွက် တန်ဖိုးနည်းအိမ်ရာတွေတည်ဆောက်ဖို့ စီမံကိန်းတွေ ရေးဆွဲဆောင်ရွက်နေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း တတိယအကြိမ် နှစ်ပတ်လည် အသင်းသားစုံညီ အစည်းအဝေးမှာ ပြောကြားလိုက်ပါတယ်။

အလုပ်သမားတွေရဲ့ ဘ၀တည်ငြိမ်အေးချမ်းဖို့အတွက် ပြည်သူ့အိမ်ရာစီမံကိန်းတွေကို ဖော်ဆောင်ဖို့ စီစဉ်နေပြီး စက်ရုံလုပ်သားတွေအနေနဲ့ နေထိုင်မှုအဆင်ပြေလာရင် လုပ်ငန်းခွင်မှာလည်း စွမ်းဆောင်ရည်တွေလည်း ပိုမိုမြင့်မားနိုင်တယ်လို့ ၀န်ကြီးချုပ်က ပြောခဲ့ပါတယ်။


တိုင်းဒေသကြီးအစိုးရအနေနဲ့ ရန်ကုန်မြို့မှာ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းအခု နှစ်ဆယ်အထိ တည်ဆောက်ဖို့ စီမံကိန်းတွေရေးဆွဲနေပြီး ဒီလုပ်ငန်းခွင်တွေဖော်ဆောင်မှုတွေကနေတစ်ဆင့် အလုပ်အကိုင်အခွင့်အလမ်းတွေ ဖော်ဆောင်နိုင်မယ်လို့လည်း ဆိုပါတယ်။

Source : 7DayTV
 

No comments:

Post a Comment