Latest News

Monday, December 12, 2016

ကချင်နှင့် ရှမ်း ပဋိပက္ခအရေး အမေရိကန် သံရုံး ထုတ်ပြန်

ကချင်နှင့် ရှမ်း ပဋိပက္ခအရေး အမေရိကန် သံရုံး ထုတ်ပြန်

ဧရာဝတီ၊ ဒီဇင်ဘာ ၁၂၊ ၂၀၁၆

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် တို့တွင် ဖြစ်ပွားနေသည့် အကြမ်းဖက်မှုများနှင့် ပတ်သက်၍ အရပ်သားများ အပေါ် မတော်မတရား ရှိနေခြင်းကြောင့် အမေရိကန် သံရုံး အနေဖြင့် စိုးရိမ်မကင်း ဖြစ်မိကြောင်း၊ ပါဝင် ပတ်သက်သူများ ထိန်းထိန်းသိမ်းသိမ်း ဆောက်ရွက်ကြ စေလိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံရုံးက ယနေ့ သတင်း ထုတ်ပြန်ထားသည်။

လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အကူအညီများ ပေးရေး၊ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး အောင်မြင်နိုင်ရေး၊ ငြိမ်းချမ်းရေး အောင်မြင်မှုရရန် အရေးကြီးသော ကြိုးပမ်း အားထုတ်မှု ဆက်လက် ဖော်ဆောင်နိုင်ရေး သံရုံး၏ ထုတ်ပြန်စာတွင် ဆက်လက် တိုက်တွန်းထားသည်။

The Irrawaddy

No comments:

Post a Comment