Latest News

Sunday, December 4, 2016

ထိုင်းဘုရင်သစ်အကြောင်း ဖေ့စ်ဘွတ်မှာမျှဝေတဲ့ ကျောင်းသား အဖမ်းခံရ

ထိုင်းဘုရင်သစ်အကြောင်း ဖေ့စ်ဘွတ်မှာမျှဝေတဲ့ ကျောင်းသား အဖမ်းခံရ

ဆောင်းပါးမှာ ထိုင်းဘုရင်သစ်ဖြစ်လာတဲ့ မဟာဗာဂျီရာလောင်ကွန်းရဲ့ အိမ်ရှေ့မင်းသားဖြစ်ခဲ့စဉ် ကာလအတွင်း ပုဂ္ဂိုလ်ရေးဘဝ အကြောင်းတွေကို ရေးသားဖော်ပြထားပါတယ်။
     
ထိုင်းနိုင်ငံဘရင်သစ် မဟာဗာဂျီရာလောင်ကွန်းအကြောင်း ဝေဖန်ရေးသားထားတဲ့ သတင်းဆောင်းပါးကို ဖေ့စ်ဘွတ်မှာ မျှဝေခဲ့တဲ့ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ ကျောင်းသားတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း သိရပါတယ်။ အဆိုပါကျောင်းသားက ထိုင်းဘာသာဖြင့် ရေးသားခဲ့တဲ့ ဘီဘီစီသတင်းဌာနမှ သတင်းဆောင်းပါးကို ဖေ့စ်ဘွတ်မှာ မျှဝေခဲ့တာ ဖြစ်ပါတယ်။

ထိုင်းဘုရင်သစ် အရိုက်အရာဆက်ခံမှု အခမ်းအနား

ထိုဆောင်းပါးမှာ ထိုင်းဘုရင်သစ်ဖြစ်လာတဲ့ မဟာဗာဂျီရာလောင်ကွန်းရဲ့ အိမ်ရှေ့မင်းသားဖြစ်ခဲ့စဉ် ကာလအတွင်း ပုဂ္ဂိုလ်ရေးဘဝ အကြောင်းတွေကို ရေးသားဖော်ပြထားပါတယ်။

မဟာဗာဂျီရာလောင်ကွန်းက အိမ်ရှေ့မင်းသားဘဝမှာ အမျိုးသမီးသုံးယောက်နဲ့ လက်ထပ်ခဲ့ပြီး ကွာရှင်းခဲ့တဲ့အကြောင်း အပါအဝင် ထိုင်းသတင်းမီဒီယာတွေမှာ ဖော်ပြနိုင်ခြင်း မရှိခဲ့တဲ့ အကြောင်းအရာတွေကို ဘီဘီစီ သတင်းဆောင်းပါးမှာ ရေးသားဖော်ပြထားပါတယ်။

ဂျတ်တူပတ်အမည်ရှိ တက်ကြွလှုပ်ရှားသူ ဥပဒေကျောင်းသားကို ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း ချိုင်ယာဖမ်ပြည်နယ်မှာ ပြုလုပ်တဲ့ ဘာသာရေး အခမ်းအနားတစ်ခုမှာ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာပါတယ်။ အဆိုပါ ဥပဒေကျောင်းသားဟာ ထိုင်းဘုရင်စနစ်ကို စော်ကားမှုဖြင့် စွဲချက်တင်ခံရပြီး ထောင်ဒဏ် ၁၅ နှစ်အထိ ကျခံရနိုင်ကြောင်း သိရပါတယ်။

ဥပဒေကျောင်းသား ဂျတ်တူပတ်ဟာ ယခင်က ပြုလုပ်ခဲ့တဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုတွေမှာလည်း ပါဝင်ခဲ့သူ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ ဘုရင်ဘူမီဘော ကံတော်ကုန်ပြီးနောက် အိမ်ရှေ့မင်းသား မဟာဗာဂျီရာလောင်ကွန်းက ဒီဇင်ဘာ ၁ ရက်မှာ ဘုရင်သစ်အဖြစ် နန်းတက်ခဲ့ကြောင်း သိရပါတယ်။
Source & Photo: Reuters, Xinhua,Duwun

No comments:

Post a Comment