Latest News

Sunday, December 4, 2016

ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ ရင်သပ်ရှုမောဖွယ်ရာ မီးရှူးမီးပန်း ပထမဆုံး အကြိမ် ပစ်ဖောက်ပြင်သစ်-မြန်မာ ယဉ်ကျေးမှု ဆက်ဆံရေး (၅၅)နှစ်မြောက်အထိမ်းအမှတ် မင်္ဂလာပါပွဲတော် ပိတ်ပွဲကျင်းပ

ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ ရင်သပ်ရှုမောဖွယ်ရာ မီးရှူးမီးပန်း ပထမဆုံး အကြိမ် ပစ်ဖောက်ပြင်သစ်-မြန်မာ ယဉ်ကျေးမှု ဆက်ဆံရေး (၅၅)နှစ်မြောက်အထိမ်းအမှတ် မင်္ဂလာပါပွဲတော် ပိတ်ပွဲကျင်းပ

ရန်ကုန် ဒီဇင်ဘာ ၄ ပြန်/ဆက်

ပြင်သစ်နှင့် မြန်မာ ယဉ်ကျေးမှုဆက်ဆံရေး (၅၅)နှစ်မြောက်အထိမ်းအ မှတ်အဖြစ် ရန်ကုန်မြို့တော်သူ မြို့တော်သားများအတွက် မြို့တော်အဆင့် မင်္ဂလာပါပွဲတော်ကို ဒီဇင်ဘာ ၄ ရက် ညနေပိုင်းက ကျင်းပခဲ့ရာ မင်္ဂလာပါပွဲတော်ပိတ်ပွဲအခမ်းအနား၌ သီဆိုဖျော်ဖြေမှုများအပြင် ပထမဆုံးအကြိမ်အဖြစ် ရင်သပ်ရှုမောဖွယ်ရာကောင်းလှသည့် မီးရှူးမီးပန်းပစ်ဖောက်ခြင်းကို ပြည်သူ့ရင်ပြင်၌ ည ၈ နာရီခွဲက ကျင်းပခဲ့သဖြင့် နိုင်ငံအတွင်းရှိ ပြည်တွင်း ပြည်ပ ပြည်သူများ ပျော်ရွှင်ကြည်နူးခဲ့ကြောင်း သိရသည်။

''ကျွန်မတို့အတွက် မြန်မာနိုင်ငံမှာ မမြင်ဖူးတာတွေကို မြင်တွေ့ခဲ့ရပါတယ်။ ပြင်သစ်နိုင်ငံက အဆိုတော်တွေ Live သီဆိုနေတာတွေကို မြင်တွေ့နေရပါတယ်။ ပြီးတော့ ရင်ပြင်ထဲမှာ မင်္ဂလာပါ ရုပ်သေးရုပ်ကြီးနှစ် ခုရပ်ထားတာက အလွန်လှပါတယ်။ ပြီးတော့ ဒီပြပွဲမှာ ပြည်သူတွေအနေနဲ့ အန္တရာယ်ကင်းကင်း စုစည်းပျော်ရွှင်နေတာတွေ့ရတော့ အလွန်ပျော်ရွှင် မိရပါတယ်။ အခြားနိုင်ငံများလည်း လာရောက်လုပ်စေလိုပါတယ်။ ချစ်ကြည်ရေးပွဲလေးပါ။ အခုလည်း စိတ်ထဲမှာ အလွန် လွတ် လပ်ပျော်ရွှင်ကြည်နူးမိပါတယ်။ ဒီလို နိုင်ငံအချင်းချင်းချစ်ကြည် ရင်းနှီးမှု ပွဲတော်တွေကို အသစ်အဆန်းလေး များပြုလုပ်ခြင်းဖြင့် လုပ်ဆောင်စေ လိုပါတယ်။ ပွဲဈေးတန်းတွေက သိပ်မစည်ကားသေးပါဘူး။

ဒီထက်ပိုစည်ကားအောင် နိုင်ငံတော်က လုပ်ဆောင်စေချင်ပါတယ်'' ဟု တောင်ဥက္ကလာပ မြို့နယ် (၁၄)ရပ်ကွက်မှ ဒေါ်သန်းဝင်းက ဆိုသည်။
မင်္ဂလာတောင်ညွန့်မြို့နယ် လမ်း(၉ဝ)တွင် နေထိုင်သော ကိုထွန်းထွန်းနိုင်က ''ဒီလို ပြင်သစ်နိုင်ငံကနေ မီးရှူးမီးပန်းဖောက်တဲ့ပုံစံမျိုးဟာ မြန်မာနိုင်ငံမှာ ကျွန်တော့်တစ်သက်နဲ့တစ်ကိုယ် မတွေ့ဖူးခဲ့တာပါ။ အခုလိုတွေ့ရတဲ့ မီးရှူး မီးပန်းပစ်ဖောက်မှုဟာ ကျွန်တော့်အတွက် အနုပညာဆန်သလို မြင်တွေ့နေရပါတယ်။ ကျွန်တော့်ကလေးတွေဆို အလွန်ပျော် ရွှင်နေကြပါတယ်။ မိသားစု လေးယောက်လာကြည့်ကြတာပါ။ ပထမနဲ့ ဒုတိယမြောက်နေ့ကို မသိပေမယ့် တတိယမြောက်နေ့အတွက် ရုပ်/သံ မီဒီယာနဲ့ အင်တာနက်သတင်းတွေမှာ တွေ့ရလို့လာရောက်ကြည့် ရှုအားပေးတာပါ။ ဒီလိုထူးထူးဆန်းဆန်း မီးရှူးမီးပန်းပစ်ဖောက်တာဟာ ကိုယ်မမြင်ဖူးတာမြင်ရတော့ အလွန်ပီတိဖြစ်ခံစားရပါတယ်။ နောင်လည်း ကျွန်တော်တို့ နိုင်ငံမှာ ဒီလိုနိုင်ငံအချင်းချင်း ပူးပေါင်းကျင်းပတဲ့ ယဉ်ကျေးမှုပွဲတော်တွေကို လုပ်စေချင်ပါတယ်''ဟု ဆိုသည်။

ဒီဇင်ဘာ ၄ ရက် နံနက်ပိုင်းမှ ညပိုင်းအထိ ပြင်သစ်နှင့် မြန်မာ ယဉ်ကျေးမှုဆက်ဆံရေး (၅၅) နှစ်မြောက် အထိမ်းအမှတ်အဖြစ် ပြည်တွင်း၊ ပြည်ပပြည်သူများအတွက် မင်္ဂလာပါပွဲတော်ပိတ်ပွဲအခမ်းအနားကို ယနေ့ နေ့လယ်မှ ညပိုင်းအထိ ပြည်သူ့ရင်ပြင်အနီး၌ ကျင်းပခဲ့ရာ အကများ၊ ဆပ်ကပ်များ၊ ရော့ခ်ဂီတသီဆိုဖျော်ဖြေမှုများ၊ မြန်မာ့ရော့ခ်ဂီတအဖွဲ့ များနှင့်အတူ ပြင်သစ်အင်ဒီအဖွဲ့ဖြစ်သည့် Last Train တို့၏ တိုက်ရိုက်သီဆို ဖျော်ဖြေသူများနှင့် ရင်သပ်ရှုမောဖွယ်ရာ မီးရှူးမီးပန်းပစ်ဖောက်ခြင်းများ ပါဝင်ခဲ့ကြောင်း သိရသည်။
စိုးဝင်း (MLA)

No comments:

Post a Comment