Latest News

Sunday, December 4, 2016

ဂျာမန် ဘောလုံးအသင်း က ဘာလို့ လက်ရှိ ကမ္ဘာချန်ပီယံ ဖြစ်နေတာလည်း

ဂျာမန် ဘောလုံးအသင်းက ဘာလို့ လက်ရှိ ကမ္ဘာ့ချန်ပီယံ ဖြစ်နေတာလဲ?

ဂျာမနီနိုင်ငံရဲ့ ကျောင်းစာသင်ချိန်ထဲမှာ ဘောလုံးကန် တာ တစ်ချိန်ကို မိန်းကလေးရော ယောက်ကျားလေးပါ မကန်မနေရ ထည့်သွင်းထားတယ် ။

ရပ်ကွက်တိုင်းမှာ ဘောလုံးကွင်း နဲ့ ဘောလုံးနည်းပြ ရှိကြတယ် ။

မိဘတွေက ကလေးအသက် ၆နှစ် ၇နှစ် လောက်က စပြီး ရပ်ကွက်က နည်းပြဆရာ ဆီမှာ အပ်ကြတယ် ။တစ်ပတ် နှစ်ရက် training ဆင်းရပြီး အပတ်တိုင်း စနေ၊တနဂ်နွေတွေမှာ ဝတ်စုံပြည့်ဝတ်ပြီး တဖက်ရပ်ကွက် တစ်ဖက်မြို့နယ် တစ်ဖက်ရွာတွေနဲ့ ဘောလုံး ပြိုင်ကြရတယ်။

နို့ နဲ့ ကြက်ဥပေါတဲ့ နိုင်ငံဖြစ်လို့ အားကစားသမားတွေ အတွက် အဆင်ပြေတယ်။

နှစ်စဉ် ရပ်ကွက်တွေ အချင်းချင်း ပြိုင်တဲ့ ပွဲက ပထမနဲ့ဒုတိယ ရတဲ့ အသင်းက မြို့နယ်အဆင့် တက်ရတယ် ။ မြို့နယ် အချင်းချင်း ပြိုင်တဲ့ပွဲက ပထမနဲ့ ဒုတိယ အသင်းက ပြည်နယ်အဆင့် တက်ရတယ် ။ပြည်နယ် အဆင့်က ပထမနဲ့ ဒုတိယအသင်းက တိုင်းအဆင့်တက်ရတယ် ။ တိုင်းအဆင့် ပထမနဲ့ဒုတိယ ရတဲ့အသင်းက နိုင်ငံတော် အဆင့်တက်ရတယ် ။

နိဂုံးချုပ် ပြောရရင်တော့ စားဝတ်နေရေး မပူမပင်ရဘဲ ချမ်းသာတဲ့ နိုင်ငံဆိုတော့ စိတ်သွားတိုင်း ကိုယ်ပါနေတဲ့ သဘောပေါ့ ။
Writer ; Freddy Maung

No comments:

Post a Comment