Latest News

Sunday, December 4, 2016

တတိယအကြိမ် မြန်မာ - ဂျပန် နိုင်ငံတကာသုတေသနစာတမ်းဖတ်ပွဲကျင်းပ

တတိယအကြိမ် မြန်မာ - ဂျပန် နိုင်ငံတကာသုတေသနစာတမ်းဖတ်ပွဲကျင်းပ

ပုသိမ် ဒီဇင်ဘာ ၎

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် တတိယအကြိမ် မြန်မာ-ဂျပန် နိုင်ငံတကာ သုတေသနစာတမ်းဖတ်ပွဲကို ဒီဇင်ဘာ ၃ ရက် နံနက်ပိုင်းက ပုသိမ်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ ဝန်ကြီးချုပ် မန်းဂျော်နီ တက်ရောက် အမှာစကားပြောကြားသည်။

ဆက်လက်ပြီး မြန်မာ - ဂျပန် တက္ကသိုလ်များ ပညာရေး ပူးပေါင်း ဆောင်ရွက်မှု စွမ်းရည်ဆုကို ဂျပန်နိုင်ငံ က ပေးအပ်ရာ ပုသိမ်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာညွန့်ဖေက လက်ခံရယူပြီး ဝန်ကြီးချုပ် မန်းဂျော်နီနှင့် လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်တို့ က ဂျပန်တက္ကသိုလ်များမှ ပညာရှင် ကိုယ်စားလှယ်များအား လက်ဆောင် ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။အဆိုပါ စာတမ်းဖတ်ပွဲတွင် ပုသိမ် တက္ကသိုလ်၌Symposium များ ကျင်းပ ရခြင်း ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဌာနနှင့် အခြားသော ဝန်ကြီးဌာနများအောက်တွင် ရှိသည့် တက္ကသိုလ်များ၊ ဦးစီးဌာနများမှ အသိ ပညာရှင်၊ အတတ်ပညာရှင်များ ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူ များအနေဖြင့် နိုင်ငံတကာ အတွေ့အကြုံ များ ရရှိအောင် သုတေသနများ ဆောင် ရွက်ရာတွင် နိုင်ငံတကာ အဆင့်မီအောင် ဂျပန်နိုင်ငံမှ ပညာရှင်များ၊ အခြားသော နိုင်ငံများမှ ပညာရှင်များနှင့် ချိတ်ဆက်ပြီး အသိပညာ အတတ်ပညာများ ဖလှယ်ခွင့် ရရှိပြီး မြန်မာ့ပညာရေးလောက တိုးတက် မြင့်မားစေရန် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။

စာတမ်းဖတ်ပွဲများကို ၃ဝ-၁၁-၂ဝ၁၄ မှ ၁-၁၂-၂ဝ၁၄ အထိ ပထမအကြိမ် Symposium တွင် ဂျပန်တက္ကသိုလ် ၁ဝ ခုမှ ပညာရှင် ၃၆ ဦး ၊ ၅-၁၂-၂ဝ၁၅ မှ ၆-၁၂-၂ဝ၁၅ အထိ ဒုတိယအကြိမ်Symposium တွင် ဂျပန်တက္ကသိုလ် ၁၉ ခုမှ ပညာရှင် ၁ဝ၄ ဦး တက်ရောက်ခဲ့ပြီး ယခု ၃-၁၂-၂ဝ၁၆ မှ ၄-၁၂-၂ဝ၁၆ အထိ တတိယအကြိမ် Symposium တွင် ဂျပန်တက္ကသိုလ် ၂၇ ခုမှ ပညာရှင် ၁၆ဝ၊ ဖိလစ်ပိုင် ၊ ထိုင်း ၊ ဗီယက်နမ် ၊ အမေရိကန် တက္ကသိုလ်များမှ ပညာရှင် ၂၅ ဦး တက်ရောက်ကြောင်း သိရသည်။

ယခုစာတမ်းဖတ်ပွဲတွင် သက်ဆိုင်ရာ ဘာသာရပ်နယ်ပယ်အလိုက် သုတေသန စာတမ်းဖတ်ကြားသူများနှင့် လေ့လာသူ ပြည်တွင်း ပြည်ပ ပညာရှင်ပေါင်း ၁ဝဝဝ ကျော် တက်ရောက်မည်ဖြစ်ပြီး ပုသိမ် တက္ကသိုလ်မှ စာတမ်း ၇၄ စောင်၊ မ္တလေး တက္ကသိုလ်မှ စာတမ်း ၃၇ စောင်၊ ရန်ကုန် တက္ကသိုလ်မှ စာတမ်း ၃၁ စောင် စုစုပေါင်း ပြည်တွင်း ပြည်ပ စာတမ်း ၄ဝဝ ကျော် ကို ဒီဇင်ဘာ ၄ ရက်အထိ ဖတ်ကြား ခဲ့ကြောင်း သိရသည်။

မောင်မောင်မြင့်(ပြန်/ဆက်)

No comments:

Post a Comment