Latest News

Sunday, December 4, 2016

အိမ်ဘေးရေမြောင်းတူးရာမှ လက်ပစ်ဗုံးနှင့် ကျည်ဆံဟောင်းများ တွေ့ရှိ

အိမ်ဘေးရေမြောင်းတူးရာမှ လက်ပစ်ဗုံးနှင့် ကျည်ဆံဟောင်းများ တွေ့ရှိ

ပုသိမ် ဒီဇင်ဘာ ၅

ဧရာဝတီတိုင်းဒေသကြီး ၊ပုသိမ်မြို့ ( ၃ ) ရပ်ကွက် တာဝတိံသာလမ်း ၊ အမှတ် ( ၂၁ ) ဦးဇော်ထွန်း ၏ နေအိမ်ဘေးတွင် ဒီဇင်ဘာ ( ၄ ) ရက်နေ့ လည်ပိုင်းက  ရေမြောင်းတူးစဉ် ကျည်ဆံဟောင်းများ နှင့် လက်ပစ်ဗုံး အဟောင်းများ တွေ့ရှိကြောင်း သိရသည်။

ဖြစ်စဉ်မှာ ၄င်းအိမ် ဘေးပတ်လည် ရေမြောင်းတူးရာ စတက်တံမဖြုတ်ရသေးသော လက်ပစ်ဗုံးဟောင်း နှင့် ကျည်ဆံများ တွေ့ရှိပြီးနောက် ပုသိမ်မြို့မ ရဲစခန်းမှူး ဒုရဲမှူး မျိုးသူအောင် နှင့် အနောက်တောင်တိုင်း စစ်ဌာနချုပ် အမှတ် ( ၉၀၇ ) စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်းမှ ဗိုလ်အောင်မျိုးပိုင် ဦးဆောင်သော တပ်ဖွဲ့ဝင်များ က ပူးပေါင်း စစ်ဆေးခဲ့ကြသည်။

တွေ့ရှိသည့် ကျည်ဆံ အမျိုးအစားမှာ ( ၀.၃၀ ) အမျိုးအစား ကာဘိုင်ကျည် ( ၃၀၄ ) တောင့် ၊ ၉မမ ပစ္စတိုကျည် ( ၂၆၀ ) တောင့် ၊ အမှတ် ( ၃၆ ) လက်ပစ်ဗုံး( ၁ ) လုံးတို့ အား တွေ့ရှိ စစ်ဆေးပြီးနောက် ပုသိမ်မြို့မ ရဲစခန်းမှ အမှတ် (၉၀၇) စစ်မြေပြင် အင်ဂျင်နီယာ တပ်သို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး ကျည်ဆံ နှင့် လက်ပစ်ဗုံးမှာ အသုံးပြု၍ မရသည့် ပစ္စည်းများဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)

No comments:

Post a Comment