Latest News

Saturday, December 17, 2016

ဖျော်ဖြေပွဲအတွက် ရင်ခုန်နေတဲ့ နီနီဝင်းရွှေ

ဖျော်ဖြေပွဲအတွက် ရင်ခုန်နေတဲ့ နီနီဝင်းရွှေ

ဂန္ထဝင်အဆိုတော်ကြီးများစွာ ပါဝင်တဲ့ ဖျော်ဖြေပွဲ တစ်ခုလည်း ဖြစ်ပါတယ်။

အဆိုတော် နီနီဝင်းရွှေကတော့ မကြာခင် ပြုလုပ်မယ့် ဖျော်ဖြေပွဲအတွက် ရင်ခုန်နေတယ်လို့ သိရပါတယ်။ နီနီဝင်းရွှေရဲ့ ဖျော်ဖြေပွဲမှာ ဂန္ထဝင်အဆိုတော်ကြီးများစွာ ပါဝင်သလို လူငယ်အဆိုရှင်တွေလည်း များစွာ ပါဝင်မှာ ဖြစ်ပါတယ်။ ဖျော်ဖြေပွဲကို ဒီဇင်ဘာ(၃၀)ရက်နေ့ အမျိုးသားကဇာတ်ရုံမှာ ကျင်းပမှာ ဖြစ်ပါတယ်။

‘‘နီနီဝင်းရွှေနဲ့ ဂန္ထ၀င်အနုပ ညာရှင်ကြီးများဆိုတဲ့ ခေါင်းစဉ်နဲ့ ဆိုရမယ့်ပွဲကတော့ နီနီရဲ့ ရင်ထဲ မှာ ရင်အခုန်ရဆုံး၊ ၀မ်းသာပီတိအ ဖြစ်ရဆုံးပွဲလေးပါ။ ဘာဖြစ်လို့လဲ ဆိုတော့ နီနီနဲ့အတူ ပါဝင်သီဆို မယ့် အဆိုတော်ကြီးတွေက နီနီရဲ့ သင်ဆရာ၊ ကြားဆရာ၊ မြင်ဆရာ ဆိုတာထက် နီနီ့ရဲ့ ဂီတမိခင်၊ ဖခင်ကြီးတွေ ဖြစ်ကြလို့ပါပဲ’’လို့ သူမက ဆိုပါတယ်။

အဲ့ဒီဖျော်ဖြေပွဲမှာ နီနီဝင်းရွှေနဲ့အတူ ကိုမင်းနောင်၊ မောင်မောင်ကြီး၊ တင်တင်မြ၊ ထား၊ အေးဝမ်းတင်တင်လှ၊ ချိုပြုံး၊ ရီရီသန့်နဲ့ တက္ကသိုလ်လဲ့လဲ့တို့ ပါဝင်မှာ ဖြစ်ပြီး သူငယ်ချင်း ကော်နီနဲ့အတူ ယနေ့ခေတ် အဆိုတော်များဖြစ်ကြတဲ့ ဖိုးသောကြာ၊ ဖြိုးပြည့်စုံ၊ ထွန်းကိုကိုနဲ့မိုးကျော်လှိုင်တို့လည်း ပါဝင်မယ်လို့ သိရပါတယ်။ ဖျော်ဖြေပွဲအတွက် လက်မှတ်တွေကိုတော့ ကျပ်၇,၀၀၀၊ ၁၀,၀၀၀၊ ၂၀,၀၀၀၊ ၃၀,၀၀၀နှင့် VIP လက်မှတ်များလည်း ရောင်းချပေးမှာ ဖြစ်ပြီး လက်မှတ်များကို ဒီဇင်ဘာ ၁၅ ရက်နေ့ကတည်းက မန်းသီရိတေးသံသွင်းနှင့် www.mmtix.com တို့မှာ ရောင်းနေပြီလို့ သိရပါတယ်။

Source & Photo : 7day Daily

No comments:

Post a Comment