Latest News

Saturday, December 17, 2016

တွစ်တာမှာ ဝိုင်းစုနဲ့ နှစ်ယောက်တွဲပုံကို တင်လိုက်တဲ့ အောင်လ

တွစ်တာမှာ ဝိုင်းစုနဲ့ နှစ်ယောက်တွဲပုံကို တင်လိုက်တဲ့ အောင်လ

ဒီဇင်ဘာ (၁၆)ရက်နေ့က တင်ခဲ့တာ ဖြစ်ပါတယ်။

အဆိုတော် အောင်လကတော့ ဝိုင်းစုခိုင်သိန်းနဲ့ နှစ်ယောက်တွဲ ရိုက်ကူးထားတဲ့ ဓာတ်ပုံကို တွစ်တာမှာ ဒီဇင်ဘာ ၁၆ရက်နေ့က တင်လိုက်ပါတယ်။ အောင်လဟာ နှစ်ယောက်တွဲ ဓာတ်ပုံကို တင်လိုက်ရုံတင်မက "I Love Her so much" ဆိုတဲ့စာသားကိုလည်း ရေးထားပါတယ်။

သူတို့နှစ်ဦးလုံးဟာ မကြာသေးခင်ကမှ အိမ်ထောင်ဘက် အသီးသီးနဲ့ ကွာရှင်းခဲ့သူတွေ ဖြစ်ပါတယ်။အောင်လနဲ့ ဝိုင်းစုတို့ရဲ့  အတူတွဲရိုက်ထားတဲ့ ဓာတ်ပုံတွေကလည်း မကြာသေးခင်ကာလအတွင်းက အွန်လိုင်းပေါ်မှာ ပြန့်နေခဲ့ပြီး ပရိသတ်တွေရဲ့ အာရုံစိုက်မှုကို ခံနေရတဲ့ အနုပညာရှင်နှစ်ဦး ဖြစ်ပါတယ်။

Ve Ve ရဲ့ အခွေပရိုမိုးရှင်းလုပ်တဲ့နေ့က ဝိုင်းစုကို မေးထားတဲ့ အင်တာဗျူးတစ်ခုမှာလည်း  အွန်လိုင်းမှာ ပြန့်ခဲ့တဲ့ ဓာတ်ပုံတွေနဲ့ပတ်သက်ပြီး သူမက ဘာမှ ဖြေရှင်းချက်  မပေးခဲ့ပါဘူး။ လက်ရှိမှာ အလုပ်တွေကိုသာ အာရုံစိုက် နေတယ်လို့ Myanmar Celebrity မှာ ဖြေဆိုခဲ့ပါတယ်။ ပရိသတ်တွေအနေနဲ့လည်း သူတို့ နှစ်ဦးရဲ့ ဓာတ်ပုံတွေနဲ့ ပတ်သက်ပြီး အခုချိန်ထိ စိတ်ဝင်စားမှု မလျော့သေးဘဲ ရှိနေပါတယ်။

Sources : Duwun : Photo : အောင်လ တွစ်တာ

No comments:

Post a Comment