Latest News

Thursday, December 8, 2016

ကျပ်ငွေတန်ဖိုး ကျဆင်းမှု ဗဟိုဘဏ် ရှင်းပြီ

ကျပ်ငွေတန်ဖိုးကျဆင်းမှု  ဗဟိုဘဏ်ရှင်းပြီ

အမေရိကန်ဒေါ်လာတန်ဖိုးမြင့်လာတာ၊ တရုတ်ယွမ်ငွေတန်ဖိုးကျတာနဲ့ ကမ္ဘာ့ရွှေဈေးတက်တာတို့က မြန်မာ့ငွေဈေးကိုတန်ဖိုးကျဆင်းစေတယ်။


နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွေအပါအဝင် ပြည်ပကနိုင်ငံခြားငွေစီးဆင်းမှုက ပြည်တွင်းနိုင်ငံခြားငွေလိုအပ်ချက်ကို ပြည့်မီလုံလောက်မှုမရှိတဲ့အတွက် မြန်မာကျပ်ငွေတန်ဖိုးတွေကျဆင်း (ဒေါ်လာဈေး တွေ မြင့်တက်နေရခြင်း)လာရတယ်လို့ ဗဟိုဘဏ်ရဲ့ သုံးသပ်ချက်မှာပါဝင်ပါတယ်။

မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းရခြင်း (ဒေါ်လာဈေးတွေ မြင့်တက်နေရခြင်း) အကြောင်းရင်းက ပြည်တွင်းပြည်ပအခြေအနေ နှစ်ရပ်စလုံးကြောင့်ဖြစ်တယ်လို့  ဗဟိုဘဏ်က ဆိုပါတယ်။

ပြည်ပအခြေအနေတွေမှာ အ စိုးရဘတ်ဂျက်လိုငွေ မြင့်မားလာတာ၊ ပြည်ပကုန်သွယ်မှုလိုငွေမှာ ၂၀၁၄ ခုနှစ် ဇန်နဝါရီကစပြီး ဆက်တိုက်ဖြစ်ပေါ်နေပါတယ်။

ပြည်ပအခြေအနေတွေမှာ အမေရိကန်ဘဏ်ရဲ့အတိုးနှုန်းမြှင့် တင်မယ့်မူဝါဒကြောင့် အမေရိကန်ဒေါ်လာ တန်ဖိုးမြင့်လာတာ၊ တရုတ်ယွမ်ငွေတန်ဖိုးကျတာနဲ့ ကမ္ဘာ့ရွှေဈေးတက်တာတို့က မြန် မာ့ငွေဈေးကို တန်ဖိုးကျဆင်းစေ တယ်လို့ ဆိုပါတယ်။

ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဒေါ် ခင်စောဦးက ‘နိုင်ငံခြားရင်းနှီး မြှုပ် နှံမှုစီးဆင်းမှု အားကောင်းစွာ ရှင်သန်သော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရရှိစေရေးအတွက် နိုင်ငံခြားငွေလဲလှယ်နှုန်းတည်ငြိမ်ရေး သည်သာ အဓိကဖြစ်ပါတယ်”လို့ လွှတ်တော်မှာ ပြောပါတယ်။

ထုတ်လုပ်မှုကဏ္ဍမှာ ရင်းနှီး မြှုပ်နှံမှုတွေ ပြုလုပ်ခြင်းဖြင့် ကုန် ထုတ်လုပ်မှုတိုးမြင့်စေတာ၊ ပို့ကုန် တန်ဖိုးမြှင့်ရေး အကောင်အထည် ဖော်ဆောင်ရွက်ခြင်းဖြင့် နောင် လာမယ့်ကာလလတ်အတွင်းမှာ နိုင်ငံခြားငွေပေးငွေယူရှင်းတမ်း ကောင်းမွန်လာပြီး နိုင်ငံခြားသုံးငွေ ဝယ်လိုအားနဲ့ရောင်းလိုအားမျှတ လာရင် ကျပ်တန်ဖိုးကျဆင်းမှု လျော့နည်းလာပြီး ကျပ်ငွေတန်ဖိုးခိုင်မာလာမှာဖြစ်တယ်လို့ ဆိုတယ်။

ဒေါ်လာဈေးတွေက လတ်တ လောမှာ တက်နေပါတယ်။ ဒါက သွင်းကုန်တွေ မြင့်တက်နေတဲ့မြန်မာနိုင်ငံအတွက်တော့ ငွေကြေးဖောင်းပွမှုတွေ ဖြစ်ပြီး ကုန်ဈေးနှုန်းတက်တဲ့ပြဿနာတွေနဲ့ ပြည်သူတွေ ရင်ဆိုင်နေရတယ်ဆိုတာ လွှတ်တော်ကိုယ်စားလှယ်တွေက နိုဝင်ဘာ ၃၀ ရက်နေ့က လွှတ်တော်မှာ ဆွေးနွေးခဲ့ကြပြီးဖြစ်ပါတယ်။

ကျပ်ငွေတန်ဖိုးကျဆင်းလာရင် ပြည်ပပို့ကုန်ယှU်ပြိုင်နိုင်စွမ်း မြင့်ပြီး ပို့ကုန်တင်ပို့မှုတွေအတွက် အားသာတဲ့အခြေအနေဖြစ်ပါ တယ်။ ဒါပေမဲ့ သွင်းကုန်အတွက် ကုန်ကျစရိတ်ပိုမိုမြင့်မားပြီး ငွေ ကြေးဖောင်းပွမှုနှုန်းဖိအားကို ဖြစ် ပေါ်စေမှာဖြစ်ပါတယ်။

ကျပ်ငွေတန်ဖိုးမြင့်မားရင် ပြည်ပတင်ပို့မှု ယှဉ်ပြိုင်နိုင်စွမ်း လျော့ကျပြီး ပို့ကုန်တင်ပို့သူတွေအတွက် အခြေအနေကောင်းမရှိဘဲ ပို့ကုန်ကျဆင်းမှုဖြစ်နိုင်ပါတယ်။ သွင်းကုန်တွေ ဈေးသက်သက်သာသာနဲ့တင်သွင်းနိုင်တဲ့အတွက် ငွေကြေးဖောင်းပွမှုကို ကျဆင်းစေမှာဖြစ်တယ်လို့ ဒေါ်ခင်စောဦးကရှင်းပြပါတယ်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေနဲ့အတူ နိုင်ငံခြားငွေတွေ ဝင်လာဖို့ လည်း အစိုးရက ဆောင်ရွက်နေပါ တယ်။ လက်ရှိမှာတော့ မျှော်လင့် သလောက် မဝင်လာသေးပါဘူး။ အလားတူ ပို့ကုန်တွေ တိုးမြှင့်တင် ပို့နိုင်ဖို့ဆိုတာလည်း နိုင်ငံတကာစံ ချိန်စံညွှန်းနဲ့ မူဝါဒတွေအရ  အကောင်အထည်မဖော်နိုင်သေးတာ ကြောင့် နိုင်ငံခြားငွေလိုအပ်ချက်တွေ မြင့်မားနေပါတယ်။

လက်ရှိမှာက ဒေါ်လာဈေးမြင့် ပြီး ကျပ်ငွေတန်ဖိုးတွေ ကျဆင်းနေပါတယ်။ ကျပ်ငွေတန်ဖိုးကျ ခြင်း၊ တက်ခြင်းမှာ အားသာချက်တွေရှိသလို အားနည်းချက်တွေလည်းရှိပါတယ်။ ပြည်တွင်းငွေ ကြေးတန်ဖိုးကျတာက မြန်မာနိုင်ငံတစ်နိုင်ငံတည်းဖြစ်တာမဟုတ် ဘဲ ကိုရီးယား၊ ဗီယက်နမ်၊  အင်ဒို နီးရှားနဲ့ ထိုင်းနိုင်ငံလို နိုင်ငံတွေလည်း ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

Author ချိုဇင်မာဝင့် / Kumudra

ဓာတ်ပုံ-အေပီ

No comments:

Post a Comment