Latest News

Thursday, December 8, 2016

အိမ်ထောင်ရေး တစ်ခုမှာ ငွေထက် သစ္စာတရား ကပိုအရေးကြီး

အိမ်ထောင်တစ်ခုမှာ ငွေထက် သစ္စာတရားက ပိုအရေးကြီးပါတယ်

၁။ ငွေချမ်းသာ ရုံနဲ့ မပြီးသေးဘူး

အိမ်ထောင်မကျခင်က အချစ်ဆိုတာ လေးနက်ပေမယ့် အိမ်ထောက်ကျပြီး သွားရင် အချစ်ဆိုတာ တစ်ခါတစ်လေ ဘယ်နားရောက်နေမှန်းတောင် မသိ ဖြစ်တတ်ပါတယ်။ အဲဒီလို အချစ်တွေ အဝေးတစ်နေရာမှာ ရှိနေခဲ့မယ် ဆိုရင်တောင် သစ္စာတရားကို လက်ကိုင်ထားပါ။ တစ်ခါတစ်လေ အိမ်ထောင်တစ်ခုမှာ ငွေရှိနေရုံနဲ့ မပြီးပြည့်စုံပါဘူး။

၂။ သစ္စာတရား လက်ကိုင်ထား

ကိုယ့် ခင်ပွန်းသည်းအပေါ် လည်းကောင်း၊ ဇနီးသည်း အပေါ်လည်းကောင်း နောက်ကွယ်မှာရော ရှေ့မှာရော မဖောက်ပြန်မိတာ မကောင်းဆုံး။ သစ္စာတရားနဲ့ တည်ဆောင်ထားတဲ့ အိမ်ထောက်ရေးဆိုတာ အလွန်ပျော်ဖို့ ကောင်းပါတယ်။

၃။ သစ္စာမရှိတဲ့ သူများ သွားရာလမ်း

မိမိ အိမ်ထောင်ဖက် အပေါ် သစ္စာဖောက်တဲ့ သူတွေဟာ အိမ်ထောင်ရေးမှာ တည်မြဲဖို့ မလွယ်ပါဘူး။ ပျော်ရွှင်စရာတွေလည်း မရှိ၊ တစ်သက်တာလုံး စိတ်ဆင်းရဲမှုတွေကိုသာ ကြံတွေ့ရပါလိမ့်မယ်။ သစ္စာမရှိသူတွေ သွားရာလမ်းဟာ အလွန်ခက်ခဲ ကြမ်းတမ်းပါတယ်။

၎။ သစ္စာတရားနဲ့သာ တည်ဆောက်ပါ

သစ္စာတရားနဲ့ တည်ဆောက်ထားတဲ့ အိမ်ထောင်ရေးထက် ကောင်းတဲ့ အိမ်ထောင်ရေး ဆိုတာ မရှိပါ။ ဒါကြောင့် မိမိ အိမ်ထောင်ရေး သာယာဖို့ သစ္စာတရားလေးကို လေးနက်တန်းဖိုးထားပါစို့လို့ တိုက်တွန်းလိုက်ရပါတယ်။
(Copy)

No comments:

Post a Comment