Latest News

Thursday, December 8, 2016

‘‘အိမ်ထောင်ပြုဖြစ်မယ်၊ မပြုဖြစ်ဘူးဆိုတာကတော့ ကျိန်းသေတဲ့အချိန်မှ ပရိသတ်ကို ပြောပြချင်ပါတယ်’’

ဝိုင်းစုခိုင်သိန်းနှင့်တွေ့ဆုံခြင်း

‘‘အိမ်ထောင်ပြုဖြစ်မယ်၊ မပြုဖြစ်ဘူးဆိုတာကတော့ ကျိန်းသေတဲ့အချိန်မှ ပရိသတ်ကို ပြောပြချင်ပါတယ်’’

တစ်ကိုယ်တော်အခွေမထွက်မီ ရက်အနည်းငယ်အလိုတွင် ၎င်း၏အိမ်ထောင်ရေးသတင်းကြောင့် ပရိသတ်များ အံ့အားသင့်ခဲ့ကြရပြီးတစ်ကိုယ်တော်စီးရီးထွက်ရှိလာချိန်တွင်လည်း အိမ်ထောင်ရေး သတင်းများနှင့် ပတ်သက်၍ ပရိသတ်ကို ပွင့်ပွင့်လင်းလင်းချပြအသိပေးခဲ့သူက အဆိုတော် ဝိုင်းစုခိုင်သိန်းပင်ဖြစ်သည်။ ထို့အပြင် လတ်တလောတွင် လူမှုကွန်ရက် စာမျက်နှာထက်၌ ဝိုင်းစုခိုင်သိန်းနှင့် အဆိုတော်တစ်ဦးတို့ စုံတွဲ ဓာတ်ပုံထွက်ပေါ်နေခြင်းကို သုံးသပ်ပြောကြားမှုများရှိနေရာ ၎င်း၏ လတ်တလောအနုပညာလှုပ်ရှားမှုများအပါအဝင် အဆိုပါ သတင်းများနှင့်ပတ်သက်၍ ဝိုင်းစုခိုင်သိန်းနှင့် တွေ့ဆုံမေးမြန်းခဲ့ပါသည်။

လတ်တလောအနုပညာလှုပ်ရှားမှု  အနေနဲ့ နယ်ဖျော်ဖြေပွဲတွေပဲသွား ဖြစ်နေတာလား။ ဘယ်တွေကို  ထပ်သွားဖို့ ရှိဦးမလဲ။

ဒီနေ့ (ဒီဇင်ဘာ ၃ ရက်) မုံရွာသွားမယ်။ ကူမဲသွားဖို့ရှိတယ်။ ရွှေကျင်၊ မန္တလေး၊ ညောင်ဦး အစုံပဲ သွားဖို့ရှိပါတယ်။

နောက်ဆုံးထွက်ထားတဲ့ တစ်ကိုယ်တော်အခွေ ‘ဂါ’ရဲ့ အခြေအ နေလေးလည်း ပြောပြပေးပါဦး။

အခွေအခြေအနေက အရမ်း ကောင်းပါတယ်။ အခုလည်း ပရိသတ်တွေအားပေးကြတဲ့အတွက် ဝိုင်းစုအခွေက ဟိုရက်က ပရိသတ်တစ်ယောက်တင်ထားတာ စီးတီးမတ်မှာ နံပါတ် (၁)လားမသိဘူး ပြောတယ်။ အဲဒီအတွက်
လည်း ဝိုင်းစု အခွေထွက်တိုင်း အဲဒီနေရာရအောင် အားပေးတဲ့ ပရိသတ်တွေ ကို ကျေးဇူးတင်ပါတယ်။

ဝိုင်းစုရဲ့ အခွေထွက်တိုင်း ပရိသတ်အားပေးမှုရရှိထားတော့ အခွေတစ်ခွေချင်းမှာ အရည်အသွေး ပိုင်းကို ဘယ်လိုထိန်းဖြစ်ပါလဲ။

အဓိကကတော့ ဝိုင်းစု ပရိ သတ်အကြိုက်ကို နားထောင်ကြည့်တယ်။ ပရိသတ်တွေ ဘာကြိုက်မလဲ။ ဝိုင်းစု ကိုယ်တိုင်လည်း  လုပ်ချင်တာလေးတွေရှိတယ်။ လုပ်ချင်တာနဲ့ ပရိသတ်အကြိုက်နဲ့။ အဓိကကတော့ ပရိသတ်
အတွက် စေတနာထားပြီး အမြဲတမ်းလုပ်တယ်။ စေတနာအကျိုးပြန်ခံ စားရတယ်လို့ပဲ ယုံကြည်ပါတယ်။

ဒီအခွေမှာ ဂီတပုံစံတွေပြောင်းထားတာတွေလည်းပါတော့ ပရိသတ်က ဘယ်လိုတုံ့ပြန်တာမျိုးရှိပါလဲ။

သူတို့ကြိုက်ကြတယ်။ ဝိုင်းစုလည်း အစကတော့စိတ်ပူတယ်။ သီချင်းပုံစံပြောင်းသွားရင် သူတို့မကြိုက်ကြဘဲ တစ်မျိုးများဖြစ်သွားမလား။ ဒါပေမဲ့ ပြောင်းလိုက်တဲ့ပုံစံကို လက်ခံကြတဲ့အတွက်  အရမ်းဝမ်းသာတယ်။ ကိုယ်ကြိုးစား
ရကျိုးလည်းနပ်ပါတယ်။

ဂီတဘက်မှာ ဆက်တိုက်လုပ်နေ သလို သရုပ်ဆောင်ဘက်ကိုလည်း လုပ်စေချင်ကြတဲ့ ပရိသတ်တွေရှိ တာဆိုတော့ အဲဒီဘက်ကိုကော လုပ်ဖို့အစီအစဉ်ရှိမလား။

သရုပ်ဆောင်ကတော့ တစိုက်မတ်မတ်လုပ်သွားဖို့မရှိဘူး။ တကယ်လို့ ကိုယ့်ကိုကမ်း လှမ်းလာရင်လည်း ကမ်းလှမ်းလာတဲ့အပေါ်မှာ အဆင်ပြေတယ်၊ ဝိုင်းစု ကြိုက်တယ်ဆိုရင်တော့ ရိုက်ဖြစ်မှာပါ။

လတ်တလော အွန်လိုင်းမှာ ပြန့်နေတဲ့ ဝိုင်းစုနဲ့ ကိုအောင်လရဲ့ ဓာတ်ပုံ တွေနဲ့ပတ်သက်ပြီး ပရိသတ်ကို ဘာပြောချင်တာမျိုးရှိမလဲ။

အဲဒါကတော့ ထွေထွေထူး ထူးပြောစရာမရှိပါဘူး။ ထွေထွေ ထူးထူးပြောစရာမရှိဘူးဆိုတာက အဓိကက ဝိုင်းစုရဲ့  ပါစင်နယ်ဆို တော့ ဝိုင်းစုရဲ့ပရိသတ်တွေကို လည်း ဝိုင်းစုရဲ့ပါစင်နယ်ထက်ဝိုင်းစုရဲ့ သီချင်းတွေကိုပဲ ခံစားစေ ချင်တယ်။ လူတိုင်းလူတိုင်းမှာ ပါစင်နယ်ရှိတယ်။ ဘယ်ဟာကဘာကြောင့်ဆိုပြီး ဘယ်သူမှ ကိုယ့်ပါစင်နယ်ကို ဖြေရှင်းကြတာမရှိ ဘူးပေါ့။ အဲဒီတော့ ဘယ်သူ့ကိုမှ  ထိခိုက်အောင်လုပ်ထားခြင်းမရှိ ဘူး။ လောလောဆယ် ဝိုင်းစု အနု ပညာအလုပ်ကို အကောင်းဆုံး ကြိုးစားပြီး လုပ်နေတယ်။ ပြီးတော့ဝိုင်းစု ဒီဟာတွေအတွက် သတ်  သတ်မဖြေရှင်းချင်ပါဘူး။

အိမ်ထောင်ကော ထပ်ပြုဖို့အစီ အစဉ်ရှိဦးမလား။

အဲဒါကတော့ လူက ဒီနေ့ပြီးနောက်နေ့ ဘာဖြစ်မှန်းတောင်မသိ ဘူး။ အိမ်ထောင်ပြုဖြစ်မယ်၊ မပြု ဖြစ်ဘူးကတော့ ဝိုင်းစုကိုယ်တိုင်လည်း ကျိန်းသေမသိဘူး။ လောလောဆယ်တော့ မပြောတတ်သေးပါဘူး။ အိမ်ထောင်ပြုဖြစ်မယ်၊ မပြုဖြစ်ဘူး၊ ဘာလုပ်ဖြစ်မလဲဆို  တာကတော့ ကျိန်းသေတဲ့အချိန်မှ  ပရိသတ်ကို ပြောပြချင်ပါတယ်။

အိမ်ထောင်ကွဲတဲ့ ကိစ္စကအစ ဝိုင်းစုက ပရိသတ်တွေကို အမှန်အတိုင်း အမြဲအသိပေးလေ့ရှိတယ်။ အဲဒီလို အသိပေးဖြစ်တာက  ဘာကြောင့်လဲ။

လိမ်ထားရမယ့်အရာမှ မဟုတ်တာ။ ပါစင်နယ်ကတော့ အကုန်လုံးကိုတော့ ဘယ်သူမှ မပြောဘူး။ ဒါပေမဲ့ အမှန်တရား ဆိုတာ လိမ်ထားလို့ရတဲ့ ကိစ္စ မဟုတ်ဘူး။ ဝိုင်းစုက ဝိုင်းစုရဲ့ ပရိသတ်တွေကို မလိမ်ချင်ဘူး။ ပရိသတ်တွေ ကို အမှန်အတိုင်းပဲသိ စေချင်တယ်။ အဲဒါကြောင့် ဘာပဲဖြစ်ဖြစ် အိမ်ထောင်ကွဲလည်း ကွဲတယ်။ အိမ်ထောင်ကွဲတာက အ ဆင်မပြေလို့၊ အကြောင်းမတိုက် ဆိုင်တော့လို့ကွဲတာ။ ဘယ်သူ့ အမှားကြောင့်မှ မဟုတ်ဘူး။ အဲဒီ အတွက် ဖြစ်တဲ့အကြောင်းကို ဖြစ် တဲ့အတိုင်း ချပြလိုက်တာပဲရှိ တယ်။ အဲဒီအတွက်လည်း ဝိုင်းစု ပရိသတ်ကို စော်ကားတာလည်း မဟုတ်ဘူး။ အိမ်ထောင်တစ်ခု အဆင်မပြေတဲ့အတွက် ဆက်ပေါင်းလို့မရတဲ့ အရာတစ်ခုကို ဆက်သွားနေလည်း စိတ်ညစ်ဖို့ပဲ ရှိတယ်။ ဒီနေရာမှာ ရပ်တန်းက ရပ်လိုက် တယ်။

အနုပညာရှင်တွေက အကုန်လုံး စောင့်ကြည့်ခံရတာဆိုတော့ အပြင်လူတွေထက်စာရင် အနေ ကျဉ်းကျပ်တာမျိုးကော ရှိလား။

အနည်းနဲ့အများတော့ စိတ်က ကျဉ်းကျပ်တယ်။ ဒါပေမဲ့ ကိုယ် က ဒီလမ်းကို ရွေးချယ်ခဲ့တာကိုး။ဒီလမ်းကို ရွေးချယ်ပြီး ကိုယ်ဝါသနာပါတဲ့ အနုပညာအလုပ်ကို လုပ်နေတာဆိုတော့ အနုပညာ သမားတစ်ယောက်အနေနဲ့ ဝေဖန် တာခံရမှာပဲ။ ပြောတာဆိုတာခံရ မှာပဲ။ သိလို့ပြောတာတွေလည်း ရှိတယ်။ မသိလို့ပြောတာတွေ လည်း ရှိတယ်။ တချို့ကျတော့ လည်း ပြောချင်လို့ပြောတာရှိ တယ်။ ပရိသတ်အမျိုးမျိုးရှိတယ်။ ကိုယ့်ကိုချစ်လို့  ပြောတာရှိ တယ်။ မုန်းလို့ပြောတာရှိတယ်။ ဘာရယ်မဟုတ်ဘူး ဝင်ပြောလိုက် တဲ့သူတွေရှိတယ်။ အကုန်လုံးကို ဒဏ်ခံနိုင်ရမယ်။ ဘယ်သူ့ကိုမှ  ဝိုင်းစု စိတ်ထဲမှာ ဘယ်လိုမှ မနေ ဘူး။ အားလုံးကို ဩော်.. ငါ့ကိုကောင်းစေချင်လို့ ပြောတာလို့ လက်ခံထားတယ်။ အားလုံးကို လေးလည်း လေးစားတယ်။ အား လုံးကိုလည်း ချစ်ပါတယ်။

ဝိုင်းစုက သီချင်းတွေကို အမ်တီဗီ ရိုက်ရင် သေသေချာချာ ရိုက်ကူးလေ့ရှိတာဆိုတော့ ‘ဂါ’ အမ်တီဗီကိုကော ဘယ်လို ပုံဖော်သွားဖို့ရှိမလဲ။

အမ်တီဗီပိုင်းကတော့ စဉ်းစားထားတာလေးတွေရှိတယ်။ တချို့ဟာလေးတွေတော့ ဒါရိုက်တာနဲ့တိုင်ပင်ပြီး ရိုက်ရမှာပေါ့။ ဒါပေမဲ့ ဒီအခွေက သေသေချာချာ ရိုက်ဖို့ပိုများတယ်။ သေသေချာချာရိုက်ရမယ့် အပုဒ်တွေပါလို့။

လာမယ့်နှစ်ထဲမှာ တစ်ကိုယ်တော်ပွဲလည်းလုပ်ဖို့ အစီအစဉ်ရှိတာဆို တော့ အဲဒီအကြောင်းလည်း ပြော ပြပါဦး။

တစ်ကိုယ်တော်ပွဲက နှစ်လ လောက်ပဲလိုတော့တယ်။ ဝိုင်းစု လုပ်မယ်ဆိုတဲ့ ဖေဖော်ဝါရီလမှာ ပွဲတွေအများကြီးပဲ၊ အဲဒါကြောင့် လုပ်ဖို့မကျိန်းသေဘူး။ နှစ်လပိုင်းမှာ မလုပ်ဖြစ်ရင် သင်္ကြန်တွေ ဘာတွေခံသွားပြီဆိုတော့ ပွင့်လင်းရာသီလောက် ဆယ်လပိုင်း လောက်မှ လုပ်ဖြစ်ဖို့ပိုများတယ်။

အခုချိန်အထိအားပေးနေတဲ့ ပရိသတ်တွေအတွက် စကားလက် ဆောင်လေး ပြောပေးပါဦး။

ဝိုင်းစုဘယ်လိုပဲဖြစ်ဖြစ် အားပေးကြတဲ့ ပရိသတ်တွေအားလုံး ကို ကျေးဇူးတင်တယ်။ ဝိုင်းစုဘက်မှာ ရပ်တည်ကြတဲ့ ပရိသတ်တွေကို ကျေးဇူးတင်တယ်။ ဘာပဲဖြစ် ဖြစ် ဒီပရိသတ်တွေရှိလို့ ကြိုးစားရကျိုးနပ်တယ်။ ဝိုင်းစု ဘာတွေပဲဖြစ်နေနေ ဝိုင်းစုအိမ်ထောင်ကွဲ လည်း ပရိသတ်တွေ အားပေး တယ်။ ဘယ်လိုပဲဖြစ်ဖြစ် အားပေး တယ်။ သူတို့အားပေးလို့လည်း ဒီ လိုမျိုးရပ်တည်လို့ရနေတာ။ အဲဒီ ရပ်တည်မှုအတွက် သူတို့ကို အရမ်းAppreciate လုပ်တယ်။

ကျေးဇူးတင်ပါတယ်။

Sources ; 7 Day News

No comments:

Post a Comment