Latest News

Saturday, December 10, 2016

ဒီဇင်ဘာ ၁၀ သည် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့နှင့် ဒေါ်အောင်ဆန်းစုကြည် နိုဘဲလ်ငြိမ်းချမ်းရေးဆုရနေ့ဖြစ်ဟုဆို

ဒီဇင်ဘာ ၁၀ သည် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့နှင့် ဒေါ်အောင်ဆန်းစုကြည် နိုဘဲလ်ငြိမ်းချမ်းရေးဆုရနေ့ဖြစ်ဟုဆို



၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်နေ့သည်
နိုင်ငံတော်၏အတိုင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရရှိခဲ့သည့် ၂၅ နှစ်ပြည့်မြောက်သည့်နေ့ ဖြစ်ကြောင်း ရန်ကုန်မြို့ ၊မြို့တော်ခန်းမအနီး၊ မဟာဗန္ဓုလပန်းခြံရှေ့တွင် ဒီဇင်ဘာ ၁၀ ရက်နေ့တွင် ကျင်း ပြုလုပ်သော "သက်ဝင်လှုပ်ရှား ရန်ကုန်မြို့၏လမ်းမများပွဲတော်" ဖွင့်ပွဲအခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ကပြောကြားခဲ့သည်။

" ဒီကနေ့ဟာ ကမ္ဘာ့လူ့အခွင့်ရေးနေ့ ဖြစ်သလို ကျွန်တော်တို့ မြန်မာနိုင်ငံတော်ရဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်လည်းဖြစ် မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ငြိမ်းချမ်းရေး နိုဗယ်လ်ဆုရရှိခဲ့တဲ့ ၂၅ နှစ်မြောက် တဲ့နေ့လည်း ဖြစ်ပါတယ် '' ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ကပြောကြားခဲ့သည်။

သက်ဝင်လှုပ်ရှား ရန်ကုန်မြို့ လမ်းမများ ပွဲတော်ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် ဂျပန်နိုင်ငံ JICA တို့ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး ဒီဇင်ဘာလ ၁၁ ရက်နေ့အထိ ၂ ရက်တိုင်တိုင် ကျင်းပမည်ဖြစ်သည်။

လင်းလင်းအောင်
News Watch

No comments:

Post a Comment