Latest News

Saturday, December 10, 2016

မြန်မာက လုပ်သားဆိုင်းငံ့ခဲ့ရင်မလေးရှားမှာနောက်ထပ်လုပ်သားပြတ်လပ်မှုတွေဖြစ်လာနိုင်


မန်မာက လုပ်သားဆိုင်းငံ့ခဲ့ရင်မလေးရှားမှာနောက်ထပ်လုပ်သားပြတ်လပ်မှုတွေဖြစ်လာနိုင်



 မြန်မာအစိုးရအနေနဲ့ မလေးရှားကိုလုပ်သားစေလွှတ်မှုရပ်ဆိုင်းမယ့်ဆုံးဖြတ်ချက်ကို ဆက်လုပ်သွားမယ်ဆိုရင် မလေးရှားနိုင်ငံရဲ့ကုန်ထုတ်လုပ်မှုကဏ္ဍ ထိခိုက်လိမ့်မယ်လို့ မလေးရှားကုန်ထုတ်လုပ်သူများ အဖွဲ့ချုပ် (FMM) ကပြောပါတယ်။

မြန်မာနိုင်ငံဘက်နေ သည်ကိစ္စနဲ့ပတ်သက်ပြီး အခုချိန်အထိအဖြူအမဲသဲကွဲတဲ့ညွှန်ကြားချက် တစ်စုံတစ်ရာ မရရှိသေးဘူးလို့ ပြည်တွင်းအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီတွေက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒါပေမယ့် FMM ကတော့ တကယ်လို့ မြန်မာအစိုးရဘက်က သည်ကိစ္စကိုအကောင်အထည်ဖော်ဆောင်ရွက်ခဲ့မယ် ဆိုရင် မလေးရှားနိုင်ငံရဲ့ ကုန်ထုတ်လုပ်မှုကဏ္ဍမှာ အခက်အခဲဖြစ်စေလိမ့်မယ်လို့ထောက်ပြခဲ့ပါတယ်။

ဇွန်လအထိ မြန်မာအလုပ်သမားဦးရေ ၁၀၀,၃၄၉ ဦးလုပ်ကိုင်နေတယ်လို့သိရတဲ့ မလေးရှားကုန်ထုတ်လုပ်မှု ကဏ္ဍဟာ အရင်ကတည်းက လုပ်သားပြတ်လပ်မှုအခက်အခဲနဲ့ရင်ဆိုင်နေရတာဖြစ်တယ်လို့လည်း FMM ကထောက်ပြခဲ့ပါတယ်။

တကယ်လို့ မြန်မာအစိုးရဘက်က လုပ်သားစေလွှတ်မှုရပ်ဆိုင်းတာကို အကောင်အထည်ဖော်ခဲ့မယ်ဆိုရင် လုပ်သားတွေ အစားထိုးခန့်အပ်နိုင်ဖို့ နိုင်ငံထဲမှာလာရောက်အလုပ်လုပ်ကိုင်ခွင့်ပေးဖို့လျှောက်ထားတဲ့ လျှောက်ထားချက်တွေကို လျင်လျင်မြန်မြန် အတည်ပြုပေးသင့်တယ်လို့လည်း FMM က မလေးရှား ပြည်ထဲရေး ဝန်ကြီးဌာန အထူးသဖြင့် လူဝင်မှုကြီးကြပ်ရေးဌာနကို တိုက်တွန်းခဲ့ပါတယ်။

သည်တားမြစ်ချက်က လက်တလောလုပ်နေတဲ့ လုပ်ငန်းကဏ္ဍတွေရဲ့လုပ်သားသစ်စုဆောင်းမှုတွေကို အနှောက် အယှက်ဖြစ်စေမှာဖြစ်ပါတယ်။ လုပ်သားပြတ်လပ်မှုကိုဖြည့်တင်းဖို့အတွက် အလုပ်ရှင်အချို့က လုပ်သားသစ်တွေ ခေါ်ယူဖို့ ခရီးစရိတ်နဲ့ စည်းကြပ်ခွန်တွေအပါအဝင် ကုန်ကျစရိတ်တွေကို သုံးစွဲထားပြီးပြီဖြစ်တယ်လို့လည်း FMM ကပြောကြားခဲ့ပါတယ်။

မလေးရှားမှာအလုပ်လာလုပ်နေကြတဲ့ အလုပ်သမားတွေကို မြန်မာအစိုးရက ပြန်လည်ခေါ်ယူမယ်ဆိုရင်လည်း ဒါဟာ အလုပ်အကိုင်ဆိုင်ရာပဋိညာဉ်ကို ချိုးဖောက်မှုဖြစ်သွားနိုင်တယ်လို့ အဖွဲ့ကဆိုပါတယ်။

လုပ်သားခေါ်ယူရေးအေဂျင်စီတချို့ကတော့ မြန်မာလုပ်သားတွေကိုခေါ်ယူနိုင်ခွင့်ရှိနေဆဲပဲလို့ မျှော်လင့်ကြောင်း သည်စတားကို ဖြေကြားခဲ့ကြပါတယ်။

အခုချိန်ထိ မြန်မာနိုင်ငံရှိ အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီဘက်ကနေ တိကျခိုင်လုံတဲ့အသိပေးချက် သူ မရသေးဘူးလို့ ကွာလာလမ်ပူမှာရှိတဲ့အေဂျင်စီတစ်ခုရဲ့ မန်နေဂျာက ပြောပြတယ်လို့ သိရပါတယ်။

[Ref: The Star; 10 December 2016] Kumudra
မအေးသီမွန်


No comments:

Post a Comment