Latest News

Saturday, December 10, 2016

ဧရာဝတီတိုင်း မြို့နယ်သုံးခုတွင် လူအခွင့်အရေး အသိပညာပေးမှု အိမ်တိုင်ယာရောက် လုပ်ဆောင်

ဧရာဝတီတိုင်း မြို့နယ်သုံးခုတွင် လူအခွင့်အရေး အသိပညာပေးမှု အိမ်တိုင်ယာရောက် လုပ်ဆောင်



ပုသိမ်၊ ဒီဇင်ဘာ ၁၀

ဧရာဝတီတိုင်းဒေသကြီးရှိ ပုသိမ်၊ ကန်ကြီးထောင့်၊ ဘိုကလေးစသည့် မြို့နယ် သုံးခုတွင် ၆၉ နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးနေ့ အထိမ်းအမှတ်အဖြစ် လူအခွင့်အရေးဆိုင်ရာ အသိပညာပေးခြင်း လုပ်ငန်းများကို အိမ်တိုင်ယာရောက်(Door to Door) ဆောင်ရွက်ခဲ့ကြောင်း ပုသိမ်မြို့အခြေစိုက် လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများ အဖွဲ့ထံမှ သိရသည်။

အဆိုပါမြို့နယ်များ၏ ရပ်ကွက်ထဲမှ အိမ်များသို့ သွားရောက်ကာ အပြည်ပြည်ဆိုင်ရာ လူအခွင့်အရေးဆိုင်ရာ၊ လူ့အခွင့်အရေး ကြေညာစာတမ်း၊ လူကုန်ကူးမှု တားဆီးရေး အသိပညာပေး စာအုပ်စာတမ်းများနှင့် လက်ကမ်း စာရွက်များ လိုက်လံဖြန့်ဝေခြင်း ဆွေးနွေးခြင်းများကို ဒီဇင်ဘာ ၁၀ ရက်က တစ်ပြိုင်နက်တည်း ဆောင်ရွက်ခဲ့ကြောင်း ပုသိမ်မြို့ လူအခွင့်အရေး ကာကွယ်မြှင့်တင်သူများ အဖွဲ့မှ ဦးဇော်မိုးက ပြောကြားသည်။

ဧရာဝတီ တိုင်းဒေသကြီးတွင်း လူအခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းများ ရှိနေပြီး လူအခွင့်အရေးဆိုင်ရာ ချိုးဖောက်မှုများ ဖြစ်သော ကလေးစစ်သား ပြဿနာ၊ လူကုန်ကူးမှု၊ အိမ်ဖော်လုပ်သား ညှင်းပန်း နှိပ်စက်ခံရမှု၊ အလုပ်ရှင်၊ လုပ်သား ပြဿနာ၊ အဓမ္မ ပြုကျင့်မှုနှင့် တရားဥပဒေဆိုင်ရာ ဘက်လိုက်ခံရမှု၊ ကလေးသူငယ်ဆိုင်ရာ အခွင့်အရေး ချိုးဖောက်ခံရမှု ပြဿနာများတွင် နစ်နာမှု မရှိစေရေးအတွက် လိုက်ပါ ဆောင်ရွက်ပေးနေကြောင်း မြန်မာနိုင်ငံ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့(H R D P) ၏ ဘုတ်အဖွဲ့ဝင် ဦးဝင်းနိုင်ထံမှ သိရသည်။

Sources ; လူ့အခွင့်အရေး အသိပညာပေး : The Voice

No comments:

Post a Comment