ချက်ဇ်နိုင်ငံအပေါ်တင်နေတဲ့ အကြွေးတွေကို ရမ်အရက်နဲ့ဆပ်ဖို့ ကျူးဘားကမ်းလှမ်း
ဆေးဝါးတွေကိုလည်း အကြွေးပေးချေမှုအနေနဲ့ လက်ခံရဦးမှာပါ။
ဒုတိယကမ္ဘာစစ်အတွင်း စစ်အေးတိုက်ပွဲမှာ တင်ခဲ့တဲ့အကြွေး ဒေါ်လာ ၂၇၆ သန်းကို ရမ်အရက်နဲ့ ပေးချေလို့ရနိုင်မလားဆိုပြီး ကျူးဘားနိုင်ငံဘက်က ကမ်းလှမ်းလာကြောင်း ချက်ဇ်နိုင်ငံရဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနက AP သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
BBC ရဲ့ သတင်းမှာတော့ ချက်ဇ်ဘဏ္ဍာရေးဝန်ကြီးဌာနက ဆေးဝါးတွေကိုလည်း ငွေပေးချေမှုအနေနဲ့ လက်ခံမယ်လို့ ဖော်ပြထားပါတယ်။ ဒါပေမဲ့ ကျူးဘားနိုင်ငံရဲ့ဆေးဝါးတွေက ဥရောပသမဂ္ဂရဲ့ထောက်ခံချက်တော့ ရမထားပါဘူး။ ချက်ဇ်နိုင်ငံအနေနဲ့ ဖြစ်နိုင်သမျှပမာဏကိုတော့ ငွေကြေးအနေနဲ့သာ လက်ခံလိုတယ်လို့ သိရပါတယ်။
Source : Newsweek : duwun
Sunday, December 18, 2016
ချက်ဇ်နိုင်ငံအပေါ်တင်နေတဲ့ အကြွေးတွေကို ရမ်အရက်နဲ့ဆပ်ဖို့ ကျူးဘားကမ်းလှမ်း
ချက်ဇ်နိုင်ငံအပေါ်တင်နေတဲ့ အကြွေးတွေကို ရမ်အရက်နဲ့ဆပ်ဖို့ ကျူးဘားကမ်းလှမ်း
Reviewed by Ar Ti
on
7:47 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment