Latest News

Sunday, December 18, 2016

ချစ်သူသက်တမ်း (၃)နှစ်ရှိပြီဆိုတဲ့ ပိုင်ဖြိုးသု

ချစ်သူသက်တမ်း (၃)နှစ်ရှိပြီဆိုတဲ့ ပိုင်ဖြိုးသု

ချစ်သူက နားလည်မှု ရှိတယ်လို့ ဆိုပါတယ်။

သရုပ်ဆောင်ပိုင်ဖြိုးသုက သူမမှာ ချစ်သူရှိတာကို ပရိသတ်တွေကို ထုတ်ပြောလိုက်ပြီ ဖြစ်ပါတယ်။ ချစ်သူသက်တမ်း ကတော့ (၃)နှစ်ရှိပြီလို့လည်း သူမက ဆိုပါတယ်။

သူမရဲ့ ချစ်သူဟာ သူမထက် အသက်ကြီးပြီး နားလည်မှု ပေးနိုင်တဲ့ သူမျိုး ဖြစ်သလို စိတ်ထားဖြူစင်ပြီး သူမကို အချစ်စစ်နဲ့ ချစ်တာ ဖြစ်တာကြောင့် ရွေးချယ်ဖြစ်တာလို့ သူမက ပြောပါတယ်။ပိုင်ဖြိုးသုကတော့ လက်ရှိမှာ မဂ္ဂဇင်းကာဗာတွေ ဆက်တိုက်ရိုက်ဖြစ်နေသလို ရုပ်ရှင်ဇာတ်ကားတွေလည်း ရိုက်ကူးဖြစ်နေတယ်လို့ သိရပါတယ်။

သရုပ်ဆောင်ပိုင်းဖြိုးသုဟာ ကလေးသရုပ်ဆောင်အဖြစ် အနုပညာလောကထဲကို ရောက်ရှိလာတာဖြစ်ပြီး အနုပညာ ပျိုးခင်း(၂)စင်တင်မင်းသမီး တစ်ဦးဖြစ်ခဲ့ကာ ပရိသတ်အားပေးမှု ပိုမိုရရှိလာသူ တစ်ဦးလည်း ဖြစ်ပါတယ်။ ဆေးကျောင်း သူ တစ်ယောက်ဖြစ်တဲ့ ပိုင်ဖြိုးသုဟာ ဆေးကျောင်းပြီးသွားတဲ့ နောက်ပိုင်းမှာလည်း အနုပညာ အလုပ်များ ကိုသာ ဆက်လက်လုပ်ကိုင်လျက်ရှိပါတယ်။

Source : Myanmar Celebrity : Duwun

Photo : ပိုင်ဖြိုးသု ဖေ့စ်ဘွတ်

No comments:

Post a Comment