Latest News

Monday, December 12, 2016

၇ နှစ်အရွယ် ကလေးငယ်အား မုဒိမ်းပြုကျင့်သူကို အလုပ်နှင့်ထောင်ဒဏ် နှစ် ၂၀ ချမှတ်

၇ နှစ်အရွယ် ကလေးငယ်အား မုဒိမ်းပြုကျင့်သူကို အလုပ်နှင့်ထောင်ဒဏ် နှစ် ၂၀ ချမှတ်

အသက် ၇ အရွယ် ပထမတန်းကျောင်းသူတဦးအား မုဒိမ်းပြုကျင်မှုနဲ့ပတ်သက်လို့ တရားခံဖြစ်သူကို စစ်တွေခရိုင်တရားရုံးက ရာဇသက်ကြီး ပုဒ်မ-၃၇၆အရ အလုပ်နဲ့ ထောင်ဒဏ် အနှစ် ၂၀ ဒီကနေ့ ချမှတ်လိုက်ပါတယ်။

ပြစ်မှုထင်ရှားလို့ တရားခံဖြစ်သူကို အလုပ်နဲ့ထောင်ဒဏ် အနှစ် ၂၀ ချမှတ်လိုက်တာလို့ ပေါက်တောမြို့မရဲစခန်းက ရဲအုပ်ဦးသန်းဋ္ဌေးက ဒီဗွီဘီကို ပြောပါတယ်။

“ဟုတ်ကဲ့။ ဒီကနေ့ စစ်တွေခရိုင်တရားရုံးကနေပြီး တရားခံဖြစ်တဲ့ ချင်းချေ ခေါ် သန်းထွန်းကို အလုပ်နဲ့ ထောင်ဒဏ် နှစ် (၂၀) ချမှတ်လိုက်ပါတယ်။ ဖြစ်တာက ပေါက်တော်မြို့နယ်၊ ကံဆိပ်မှာ ၂၀၁၆ ခုနှစ် ဖော်ဖော်ဝါရီ ၁၅ ရက်နေ့၊ အသက် ၇ နှစ်အရွယ် ပထမတန်းကျောင်းသူ မိန်းကလေးကို သားမယားအဖြစ်ပြုကျင်လိုက်တဲ့အမှုဖြစ်ပါတယ်။ ဒီနေ့ အဲ့ဒီ အမှုကို အပြီးသက်ချမှတ်လိုက်တယ်ပေါ့လေ။”

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ ကံဆိပ်ကျေးရွာက ၇ နှစ်အရွယ် ကျောင်းသူလေးဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာ နေအိမ်ခြံဝင်းအတွင်း ဗွီဒီယိုကြည့် နေစဉ် တရွာတည်းနေသူ တရားခံ ချင်းချေ ခေါ် သန်းထွန်းက မုန့်ဝယ်ကျွေးမယ်ဆိုပြီး လိမ်လည်ခေါ်ယူကာ ရွာရဲ့အနောက်ဘက်ကွင်းမှာ အဓမ္မပြုကျင်ခဲ့တာ ဖြစ်ပြီး မိဘတွေက ပေါက်တောမြို့မရဲ့စခန်းကို အမှုဖွင့်တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။

Sources : သတင်း၊ ဝဏ္ဏခွာညို DVB

No comments:

Post a Comment