Latest News

Monday, December 12, 2016

တိုက်ပွဲကြောင့် ပျက်စီးသွားသည့် ဌာနဆိုင်ရာအဆောက်ဦများ ဦးစားပေးပြင်ဆင်မည်

တိုက်ပွဲကြောင့် ပျက်စီးသွားသည့် ဌာနဆိုင်ရာအဆောက်ဦများ ဦးစားပေးပြင်ဆင်မည်



မြန်မာ့တပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေကြား တိုက်ပွဲတွေကြောင့် မုံးကိုးမြို့ပေါ်က ပျက်စီးဆုံးရှုံးသွားတဲ့ ဌာနဆိုင်ရာအဆောက်အဦတွေကို ဦးစားပေးပြင်ဆင်သွားမယ်လို့ မူဆယ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ထွန်းက ဒီဗွီဘီကို ပြောပါတယ်။

ဒါ့အပြင် ပျက်စီးသွားတဲ့ ဘာသာရေးဆိုင်ရာ အဆောက်အဦီတွေနဲ့ အရပ် သားပြည်သူတွေရဲ့ နေအိမ်တွေကိုတော့ အသေးစိတ်စာရင်းရရှိဖို့ မှတ်တမ်းပြုစုပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ကို တင်ပြသွားမယ်လို့ ဆိုပါတယ်။

တိုက်ပွဲကြောင့် တရုတ်ပြည်ဘက်ခြမ်း မန်ဟိုင်းမြို့မှာ စစ်ရှောင်နေတဲ့ မုံးကိုးမြို့ခံတွေကို ဒီလ ၉ ရက်နေ့ကစတင်ပြီး မိမိနေထိုင်ရာနေအိမ်တွေမှာ ပြန်လည်နေထိုင်ဖို့ ခွင့်ပြုလိုက်ပြီဖြစ်ပါတယ်။

မုံးကိုးမြို့မှာ ရပ်ကွက် ၇ ခုရှိပြီး လူဦးရေ ၈၄၄၂ ဦးရှိရာမှာ ဒီလ ၉ ရက်နေ့ကနေ ၁၁ ရက်နေထိ မုံးကိုးကို ပြန်လာသူ ၂၄၈၀ ဦးရှိနေပြီ ဖြစ်ပါတယ်။

စစ်ပွဲအတွင်း စာသင်ကျောင်းတစ်ချို့ ဗုံးဆန်ထိမှန်ပျက်စီးခဲ့တာကြောင့် မုံးကိုးဒေသက စာသင်ကျောင်းအားလုံး ပြန်ဖွင့်နိုင်ဖို့ အချိန်ယူရဦးမယ်လို့ မူဆယ်ခရိုင်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

လက်ရှိမုံးကိုးမြို့က လူနေအိမ်အများစုနဲ့ ဈေးဆိုင်ခန်းတွေ ဖောက်ထွင်းခံထားရပြီး တန်ဖိုးရှိတဲ့ ပစ္စည်းတွေ ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေက ပြောဆိုနေကြပါတယ်။

မြန်မာ့တပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေကြား ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၀ ကစပြီး တိုက်ပွဲတွေ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။

Sources ; သတင်းဓာတ်ပုံ -  ခွန်ဇော်ဦး DVB



No comments:

Post a Comment