Latest News

Monday, December 12, 2016

Let's Go to China မှာ မပါဝင်ဖြစ်တော့တဲ့ နန်းမြတ်ဖြိုးသင်း

Let's Go to China မှာ မပါဝင်ဖြစ်တော့တဲ့ နန်းမြတ်ဖြိုးသင်း


ရိုက်ကူးရေးတွေနဲ့ တိုက်နေတာကြောင့်လို့ သိရပါတယ်။

 
Let's Go အဖွဲ့ဝင် နန်းမြတ်ဖြိုးသင်းတစ်ယောက်ကတော့ ဒီဇင်ဘာ(၁၅)ရက်နေ့မှာ သွားရောက်ရိုက်ကူးမယ့် Let's Go to China အစီအစဉ်မှာ မပါဝင်ဖြစ်တော့ဘူးလို့ သိရပါတယ်။ Let's Go ခရီးစဉ်သွားမယ့် ရက်ဟာ ဇာတ်ကားရိုက်ကူးရေး လုပ်နေတဲ့ ရက်နဲ့ တိုက်နေတာကြောင့် မလိုက်ဖြစ်တော့တာလို့ သူမက ဆိုပါတယ်။


နန်းမြတ်ဖြိုးသင်းက "အိမ်ကြက်" ရုပ်ရှင်ဇာတ်ကားမှာ ထွန်းထွန်း၊ ညီထွဋ်ခေါင်၊ ဆုမြတ်နိုးဦးတို့နဲ့ အတူ ရိုက်ကူးနေ တယ်လို့ သိရပါတယ်။ ဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးလာရတဲ့ သူမကတော့ ဒီနှစ်ပိုင်းဟာ သူမအတွက် ဇာတ်လမ်း တွဲတွေ တော်တော်များများ ရိုက်ကူးလာရတဲ့ နှစ်တစ်နှစ်ဖြစ်ပြီး သူမအနေနဲ့ ဇာတ်လမ်းတွဲတွေ ရိုက်ရတာလည်း ပျော်ပါတယ်လို့ ဆိုပါတယ်။

နန်းမြတ်နဲ့ ထွန်းထွန်းတို့ သီဆိုထားတဲ့ "STAY WITH ME"

ဇာတ်ကားတွေ ရိုက်ကူးနေတဲ့ နန်းမြတ်ဖြိုးသင်းက ဂီတနဲ့ ပတ်သက်ပြီးတော့လည်း Ve Ve နှစ်ပတ်လည်ရဲ့ အခွေထဲမှာ ထွန်းထွန်းနဲ့အတူ "Stay With Me" ဆိုတဲ့ သီချင်းကို ပါဝင်သီဆိုထားတယ်လို့ သိရပါတယ်။

Source : Popular news

Photo  : နန်းမြတ်ဖြိုးသင်း ဖေ့စ်ဘွတ်
 

No comments:

Post a Comment